လက်လွှတ်လိုက်တဲ့ ပင်လယ်
ချိုစိမ့်၊ နိုဝင်ဘာ ၃၊ ၂၀၁၁
အပေါက်အပြဲတွေနဲ
ငှက်သိုက်ကလေးကနေ
ငှက်ကလေးတွေ
တကောင်ချင်း
ပြုတ်ကျသွားသလိုမျိုး … ။
မြစ်ကွေ့ 
တခါတရံ ရပ်တန့် 
ပန်းတွေ ရံခါသွေ
့ခြောက်သလိုမျိုး
ကိုယ့်နှလုံးသားကိုယ်
အုတ်အော်သောင်းတင်းဖွင့်ခဲ့သူ
… ။
ကိုမုတ်သုန်၊ ကိုအောင်ဗညို
ကိုချစ်နဲ့ 
အကိုကြီး ကိုသင်းခိုင်
မြိုင်လိုက်တဲ့
စံရိပ်ငြိမ် ၅ လမ်း
အခန်းကျဉ်းကျဉ်းလေးတွေမှာ
ကိုယ့်ဆရာ
ကဗျာရွတ်သံတွေ
တအုန်းအုန်းတောက်ပခဲ့
ဇွန်လမှာ
ဇွန်ပန်းလေးတွေ တဖွေးဖွေးလှုပ်သလိုမျိုး … ။
ကိုယ့်ပြဿနာကိုယ်ရှင်း
အားလုံးပြဿနာကတော့
ပေါင်းရှင်းကြပေါ့
ဘ၀မှာ
အဲဒီလိုနေထိုင်သွားခဲ့ဘူးသူပါ
… ။
ကဗျာတွေ
ရေးထားတဲ့ လက်ဖက်ရည်ဆိုင်
အစကတည်းက
မထိုင်ခဲ့မိရင်အကောင်းသား… အခုတော့
ဘာဖြစ်လဲ ပြောလေဆိုတော့
နင်တယ်ဗျာ
ခင်ဗျားတို့ က
လက်ဖက်ရည်နဲ့ 
ကဗျာကို တို့ ကျွေးတာကိုး
တဲ့ … ။
ခင်ဗျားအကြောင်းရေးဖို့
ဒီလေဟုန်ထဲ
ပျံဝဲခဲ့ကြရတာကိုး
ဥတု
ညံ့ရတဲ့အထဲမှာမှ
ရဲဘော်တွေ ကျ ကျ
ကုန်ကြသမို့ 
ဟော့ဒီမှာ
ပြည့်လက်ရုံးတွေ ညောင်းလှပြီ …
ဒီကဗျာ
ဒီမှာတိတ်ဆိတ်
မင်းနဲ့ အတူ
အေးရိပ်မှာ အိပ်ခွင့်ရပါစေ သူငယ်ချင်း … ။
သေချာတယ်
သက်ရှိမြစ်တစင်း
ညခင်းကို
ထိုးဖေါက်
ရောက်သွားလိမ့်မယ် ကမ္ဘာကုန်ကျယ်သရွေ့  …။
ကဲ…
ရဲဘော်
လှော်လေဦး …။
နောက်တခါ
ခင်ဗျားပြန်လာခွင့်ရရင်
ကဗျာဆရာ လှသန်း
သက်တော်ရာကျော်ရှည်ပါစေ
ကဗျာဆရာတွေ
သက်တော်ရှည်
ကဗျာဆရာတွေ ဖြစ်ခွင့်ရကြပါစေ … ။
(၂၄.အောက်တိုဘာ။
၂၀၁၁)

Comments