defence cooperation between Burma and Vietnam

မြန်မာနှင့် ဗီယက်နမ် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူ
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၂၀၊ ၂၀၁၁

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဗီယက်နမ်သို့ ရောက်ရှိစဉ် ဗီယက်နမ် ဗိုလ်ချုပ် Phung Quang Thanh တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ (ဓာတ်ပုံများ-မြန်မာအစိုးရ ပြန်ကြားရေးဌာန)

နှစ်နိုင်ငံ စစ်တပ် ကိုယ်စားလှယ်များ အပြန်အလှန် စေလွှတ်ရေး၊ ကာကွယ်ရေး မဟာဗျူဟာ ဆွေးနွေးမှု၊ စစ်ဘက်ဆိုင်ရာ ဆေးကုသမှု၊ ထောက်လှမ်းရေးသတင်း ဖလှယ်ခြင်း၊ လုံခြုံရေး နှင့် ဒေသဆိုင်ရာအကြောင်းများကို ဆွေးနွေးကြကြောင်း http://www.dangcongsan.vn တွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက်နေ့က ဗီယက်နမ်လေဆိပ်သို့ ရောက်ရှိသွားသော ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ

မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နှင့် ဗီယက်နမ် ဖျော်ဖြေရေးအဖွဲ့ဝင်များ

မြန်မာ ဗီယက်နမ် ဗိုလ်ချုပ် ၂ ဦး နှင့် ဗီယက်နမ် ဂုဏ်ပြုတပ်ဖွဲ့

ဟိုချီမင်းရုပ်တုရှေ့တွင် တွေ့ရသော ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့အဖွဲ့ နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Mr. Nguyen Tan Dung တို့အဖွဲ့

Comments