ဘေးဧရိယာ၊
ဥက္ကလံမြို့၊ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်း ကထိန်ပွဲစည်ကား
မိုးမခအထောက်တော်၊
ဥက္ကလံ။ နိုဝင်္ဘာလ ၆၊ ၂၀၁၁
တတိယအကြိမ်မြောက်
စုပေါင်းမဟာဘုန်ကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲကို ဆန်ဖရန်ဘေးဧရိယာ၊
ဥက္ကလံမြို့ရှိ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ရာ
တိုင်းရင်းသားပေါင်းစုံတဲ့ ဧည့်သည်ပရိသတ်များ တက်ရောက်ခဲ့ကြပါတယ်။
ဒေလီစီးတီးမြို့ ရတနာဥာဏ်ရောင်
ကျောင်းဆရာတော်က သီလပေးနဲ့
ကထိန်အနုမောဒနာ တရားဟောကြားခဲ့ပါတယ်။
ကျောင်းထိုင်ဆရာတော်
ဦးအရိယာစာရသင်ကြားပေးတဲ့ ဓမ္မတရားတော်များ၊ ဓမ္မတေးများကို ယဉ်ကျေးလိမ္မာကလေးများဝတ်ရွတ်အသင်းက
ကလေးငယ်များမှ ရွတ်ဆို ပူဇော်ခြင်းတို့ ပြုလုပ်တာကို တွေ့ရပါတယ်။ မြို့ခံ
လူကြီးမိဘများနဲ့ ဖွဲ့စည်းထားတဲ့ ဓမ္မရောင်ခြည်ဝတ်ရွတ်အသင်းကလည်း ၀တ်ရွတ်ဆိုပြီး
ကုသိုလ်ယူခဲ့တာကိုတွေ့ရပါတယ်။ ကထိန်ပွဲဖြစ်သည်နှင့်အညီ အများဝိုင်းဝန်းတဲ့
ဘုံပဒသာပင်များအပြင် မိသားစုအလိုက် ပဒေသာပင်များစိုက်ထူ လှူဒါန်းကြတာကိုလည်း
ထူးထူးခြားခြားတွေ့ရပါတယ်။
Comments