မြစ်တစင်း၏ပုံရိပ်ဧရာဝတီ
ဓာတ်ပုံမှတ်တမ်းစာအုပ် စာကြည့်တိုက်များသို့ လှူဒါန်းပွဲ
တာရာဝေယံ၊ ရန်ကုန်၊ နိုဝင်ဘာ
၃၊ ၂၀၁၁
(အောင်ဆန်းဂျာမွန်းစာကြည့်တိုက်က ဦးမြင့်ဦးက ကိုထွန်းဝင်းငြိမ်းထံက စာအုပ်များလက်ခံ)
နိုဝင်ဘာ ၁၊ ၂၀၁၁က Green Hearts
Environment Network မှ စီစဉ်ကျင်းပတဲ့ "မြစ်တစင်း၏ပုံရိပ်ဧရာတီ" ဓာတ်ပုံမှတ်တမ်းစာအုပ်အား
အောက်မြန်မာပြည်ရှိ စာကြည့်တိုက်ပေါင်း ၅၀ ကျော်သို့ လှူဒါန်းပွဲကို ဒီနေ့ နေ့လည် ၂
နာရီက ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ လေဘာတီစာကြည့်တိုက်မှာ ကျင်းပခဲ့ပါတယ်။
ဧည့်ပရိသတ်များ၊ စာအုပ်လှူဒါန်းသည့် နေရာ
အခမ်းအနားမှူးအဖြစ် ဆရာကျော်ရင်မြင့်က
ဆောင်ရွက်ခဲ့ပြီး ဧရာဝတီဓာတ်ပုံမှတ်တမ်း စာအုပ်ဖြစ်ပေါ်လာပုံကို Green Hearts
Environment Netowrk ထူထောင်သူ၊ ယခုစာအုပ်စီစဉ်သူ ကိုစိုးဝင်းငြိမ်းက ရှင်းလင်းတင်ပြခဲ့ပါတယ်။
ကိုကျော်သိန်း (အလင်းတံခါးစာကြည့်တိုက်)၊ ဆရာကျော်ရင်မြင့်
အခမ်းအနားမှာ စာရေးဆရာကြီး ဦးအောင်သင်းက
စာအုပ်ထွက်ရှိခြင်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို ခေတ်အဆက်ဆက်က ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပုံနဲ့
သူ၏အတွေ့အကြုံများကို မုဒိတာစကားအဖြစ် ပြောကြားခဲ့ပါတယ်။
ဆရာဦးအောင်သင်း၊ ကိုရဲနိုင်မိုး၊ ကိုကျော်သိန်းက စာအုပ်များ လက်ခံစဉ်
ဆက်လက်ပြီး တက်ရောက်လာကြတဲ့ စာကြည့်တိုက်ကိုယ်စားလှယ်များကို
စာအုပ်များ ပေးအပ်ခဲ့ကြပါတယ်။ အောက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၀ ကျော်အတွက် ရန်ကုန်တက္ကသိုလ်မှ
ဆရာမ ဒေါ်တင်ဝင်းရီထံ တော်ဝင်နှင်းဆီဦးစိုးညွန့်မှ၎င်း၊ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များဖြစ်ကြတဲ့
အလင်တံခါးစာကြည့်တိုက်မှ ဦးကျော်သိန်းထံ ကိုရဲနိုင်မိုးမှ၎င်း၊ ပဲခူးမြို့ရှိ အောင်ဆန်းဂျာမွန်းစာကြည့်တိုက်အတွက်
ဦးမြင့်ဦးထံသို့ ကိုထွန်းဝင်းငြိမ်းမှ၎င်း၊ ကချင်နည်းပညာကောလိပ်မှ အိုက်ဇက်အောင်အား
မနန်းလွင်မှ၎င်း စာအုပ်များ အသီးသီး ပေးအပ်ခဲ့ကြပါတယ်။
ဒေါ်တင်ဝင်းရီနဲ့ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)
တက်ရောက်လာကြတဲ့ စာကြည့်တိုက်ကိုယ်စားလှယ်များကိုယ်စား
ရန်ကုန်တက္ကသိုလ်များစာကြည့်တိုက်မှ ဆရာမဒေါ်တင်ဝင်းရီနဲ့ အလင်းတံခါးစာကြည့်တိုက်မှ ဦးကျော်သိန်းတို့က
ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပါတယ်။
ကချင်နည်းပညာကောလိပ်က ကိုအိုက်ဇက်အောင်ထံ မနန်းလွင်က စာအုပ်များအပ်၊ ကိုစိုးဝင်းငြိမ်း
မကြာခင်ရက်ပိုင်းအတွင်းမှာ မြစ်တစင်း၏ဧရာဝတီ
ဓာတ်ပုံမှတ်တမ်းစာအုပ်များကို အထက်မြန်မာပြည်ရှိ စာကြည့်တိုက်များသို့လည်း လှူဒါန်းမည်
ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါမှတ်တမ်းစာအုပ်မှာ ရဲနိုင်မိုး၊
မျိုးမြင့်ဆွေ၊ စိုးဝင်းငြိမ်း၊ ထွန်းဝင်းငြိမ်း၊ ငြိမ်းချမ်းစိမ်းလန်း၊ ကျော်ရင်မြင့်၊
ဦးစိုးညွန့် (တော်ဝင်နှင်းဆီ)၊ ဦးဇေမောင်သိန်း၊ စတဲ့ သတင်းစာဆရာ၊ စာရေးဆရာ၊ ဓာတ်ပုံဆရာများ
ပါဝင်စုစည်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ကိုစိုးဝင်းငြိမ်းက စကားပြောနေစဉ်၊ ဧရာဝတီလဘက်ရည်ဝိုင်း
အဲဒီစာအုပ်ရဲ့ ကျေးဇူးတင်လွှာမှာ
"၂၀၁၁ ခုနှစ်အတွင်း "စိမ်းလန်းနှလုံးသားများ" က "Save The
Ayarwaddy" ဆိုတဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့မှာ ကျင်းပခဲ့တယ်။ ဧရာဝတီကို ထိန်းသိမ်းကာကွယ်ကြရန်နဲ့
မြတ်နိုးတန်ဖိုးထားကြရန် လှုံဆော်လိုရင်း ဖြစ်ပါတယ် …" လို့ ဖော်ပြထားပါတယ်။













Comments