ကချင်ဒေသတွင် ကြံ့ဖွံ့ စစ်အစိုးရလက်နက်ကိုင်များက ကချင်အမျိုးသမီးတဦးကို
ဖမ်းဆီးထားဟု သတင်း၊ ဓာတ်ပုံများ ထွက်ရှိ
စာဖတ်သူတွေပေးတဲ့စာ၊ မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၁
လေးစားရပါသော သတင်းဋ္ဌာနများခင်ဗျာ
အောက်ဖော်ပြပါ ရင်နင့်ဖွယ်သတင်းနဲ့
ပတ်သက်ပြီး အများပြည်သူနဲ့ အာဏာပိုင်များ သိရှိနိုင်စေရန် ဖော်ထုတ်တင်ပြပေးဖို့
အလေးအနက် မေတ္တာရပ်ခံအပ်ပါတယ်...။
လေးစားစွာဖြင့်
ဒီမိုဝေယံ
ဒီမိုဝေယံ
ဆက်သွယ် စုံစမ်းလိုပါက
(၁) မိုင်းဂျာ
(၂) အားပရီ
သို့ ဒီမိုဝေယံသတင်းဌာန
ဖမ်းဆီးထိန်းချုပ်ထားတဲ့ဒေါ်ဆွမ်လွတ်ရွယ်ဂျာနဲ့
ပတ်သက်ပြီး သတင်း ထည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒေါ်ဆွမ်လွတ်ရွယ်ဂျာကိုဖမ်းဆီးထိန်းသိမ်းထားတာ ဒီနေ့ နိုဝင်ဘာလ ၆ ရက်နေ့ ထိ ဆိုရင်
ဆယ်ရက်တိတိရှိပါပြီ။ ကျမတို့က ဒေသခံအမျိုးသမီးတွေပါ။ သူမကိစ္စနဲ့ ပတ်သက်ပြီးစုံစမ်း၊
စောင့်ကြည့်လေ့လာနေသူတွေပါ။
သူမရဲ့အရိပ်အရောင်ကို နိုဝင်ဘာလ ၁
ရက်နေ့ကစပြီး မတွေ့ရတော့ပါဘူး။ အောက်တိုဘာလ (၃၁) ရက်နေ့ နောက်ဆုံး သူမကို စခန်းဝင်းတွင်းမှာ
အဝေးကနေတွေ့ခဲ့ရတာပါ။ ထိုနေ့က သူမ အပြင်မှာရပ်ပြီး သူမရဲ့ရွာရှိတဲ့ဘက်မှာ မျှော် ကြည့်နေစဉ်
စစ်သားလေးယောက် လာဆွဲခေါ်သွားပြီး သူမကို လှိုဏ်ခေါင်းထဲ ဆွဲခေါ်သွားတာကို နောက်ဆုံး ကျမတို့မျက်စိနဲ့တပ်အပ်တွေ့ခဲ့တာပါ။
အခုဆိုရင် သူမသမီးလေးက နေမကောင်းဖြစ်နေပါတယ်။ သမီးလေးက
အမေကို တမ်းတမ်းတတ ခေါ်ရင်း ငိုလေ့ရှိတယ်ဆိုပြီး သူ့ကို စောင့်ရှောက်နေတဲ့ အဖိုးနဲ့
အဖွားက ပြောပါတယ်။ စောင့်ရှောက်နေတဲ့
အဖိုးနဲ့ အဖွားကလဲ အသက်လဲ ကြီးပြီ။ နေလည်း သိပ်မကောင်းကြပါ။
ဆွမ်လွတ်ရွယ်ဂျာရဲ့ ခင်ပွန်းဖြစ်သူမှာလဲ
သူမစိတ်နဲ့ ထမင်းလဲမစား၊ တမှိုင်မှိုင် တငိုင်ငိုင်ဖြစ်ကာ စကားပြောရင် မတည်မငြိမ်
တောင်ပြော မြောက်ပြောသဖြင့် သူနဲ့ စကားပြောဆို အခက်အခဲဖြစ်ရသည်အထိ ဖြစ်နေပါသည်။
အားလုံးကို တောင်းဆိုချင်တာတော့
တတ်နိုင်တဲ့ဘက်ကနေ သူမ အမြန်ဆုံးလွတ်လာနိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးကြဖို့ တောင်းဆိုချင်တယ်။
သူမ အသက်ရှင်လျှက် ရှိနေပါစေလို့ ဆုတောင်းပါတယ်။
ယခုနှစ် အစိုးရစစ်တပ်က ကေအိုင်အေအပေါ် ထိုးစစ်ဆင်မှုကြောင့်
တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ယခုလို ဒေသခံအမျိုးသမီးများနှင့်
ပြည်သူတွေရဲ့ဘ၀ဟာ လုံခြုံမှုမရှိ၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ ပေါ်တာဆွဲပြီး ရက်ရက်စက်စက်
လူမဆန်စွာ နှိပ်စက်ခံရခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ တချို့အမျိုးသမီးတွေဆိုရင်
ယခုထက်ထိ အလောင်းတောင်မတွေ့ ဖြစ်နေတဲ့အဖြစ်တွေ ရှိနေပါတယ်။
(မန်စီမြို
့နယ်၊ရွာသစ်ကြီးကုန်းစခန်းမှာဖြစ်တဲ့ကိစ္စ)။
ယခုဆွမ်လွတ်ရွယ်ကိုလဲ မိသားစု၊
ဆွေမျိုးအသိုင်းအ၀ိုင်းတွေအနေနဲ့ရော ခမရ ၃၂၁ တပ်ရင်းမှူး အထိသွား၍ လွတ်ပေးဖို့ အသနားခံခဲ့ပြီးဖြစ်သည်။
နိုဝင်ဘာလ ၂ ရက်နေ့  လွတ်ပေးမည်၊ စုံစမ်းအုံးမယ်ဆိုပြီး ပြောခဲ့ပါတယ်။
အမှန်တကယ်တော့ မလွတ်ပေးခဲ့ပါ။
သူမအား မတွေ့ရတော့သဖြင့် ကျမတို့ အလွန်စိတ်ပူပန်လျှက်ရှိပါတယ်။
ကျမတို့အနေနဲ့ ပြည်သူ့တပ်မတော်ဟာ နိုင်ငံတော်အစိုးရရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊
ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်လာစေရန် ကြီုးပမ်းနေမှုအပေါ် ဖျက်ဆီးနေတဲ့တပ်မတော်မဟုတ်ဘူး
ဆိုရင်တော့ဖြင့် ဒီအမျိုးသမီး၊ နို့စို့ကလေးမိခင်၊ အရပ်သူ၊ တိုင်းရင်းသူတဦးအား အသက်ဘေးမထိခိုက်ဘဲ
ပြန်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ သူမမှာဘာအပြစ်တွေရှိလို့ အခုထိ မလွှတ်ပေးသေးသလဲ
ဆိုတာ သိချင်ပါတယ်။ သူမခင်ပွန်းကလဲ ကေအိုင်အေစစ်သားတို့၊ ကချင်ပြည်သူ့စစ်တို့လဲ မဟုတ်ပါဘူး။
သူမယောက္ခမ ဦးမရူဇေဒေါင်ဆိုရင်လဲ ကေအိုင်အေစစ်သားလဲ မဟုတ်ပါဘူး၊
တပ်မတော်သားစစ်မှုထမ်းဟောင်းတဦးသာ ဖြစ်ပါတယ်။
သမီးလေးအား နိုဝင်ဘာလ (၄) ရက်နေ
့ကရိုက်ထားတဲ့ ဓာတ်ပုံထည့်လိုက်ပါတယ်။ မို့ဘွမ်စခန်းပုံနှင့် သူမမတ်တပ်ရပ်နေတဲ့ပုံလဲ
ထည့်ပေးလိုက်ပါတယ်။ သူမကို စစ်သား ၄ ယောက်လာဆွဲသည့်ပုံမှာ
ဘက်ထရီအားကုန်သွားသဖြင့် မရိုက်လိုက်ရပါ။
မမိုင်းဂျာ
ဒေသခံအမျိုးသမီးတဦး
ဒေသခံအမျိုးသမီးတဦး
ယခင်စတင် မတရား ဖမ်းဆီးခေါ်ဆောင်ခံရစဉ်
သတင်း ပြန်ဖတ်ချင်ရင်
(မိုးမခ မှတ်ချက် - အဆိုပါသတင်းကို
မြစ်ကြီးနားအင်တာနက်ဆိုင်များကနေ တင်သည်ဆိုပြီး ဆိုင်များကို စစ်အစိုးရက စောင့်ကြည့်နေသည်ဟု
နယ်ခံတဦးက ပြောကြားခဲ့သည်။ သီးခြားအတည်ပြုချက်များ မရရှိသေးပါ)

Comments