Kyaw Thu Moe Myint- Poem

မန္တလေး
ကျော်သူမိုးမြင့်
နိုဝင်ဘာ ၂၅၊ ၂၀၁၁


ရွှေခြေကျင်း မ၀တ်တော့တဲ့
ခြေသလုံး အဖွေးသားနဲ့ မန္တလေး
အလိုမတူဘဲ အပျိုရည်ပျက်ခဲ့ရတယ်

အမေ မချစ်တဲ့သူတွေ အခြေကျလာတဲ့
အမေချစ်တဲ့ မန္တလေး
မြို့မသီချင်းတွေ မပီကလာ လိုက်ဆိုနေကြတယ်

အမေ
မသေသောမြို့က မသေသော အမေ
တောင်သမန် တောင်လေးလုံးမှာ
နိုဝင်ဘာနှင်းတွေ ဝေတိုင်း
ကဗျာဆရာတွေ ညလုံးပေါက်
ကဗျာတွေ ပျိုးနေကြတုံး
မယ်ဇယ်တွေလည်း မွှေးတုံးပေါ့
အမေချစ်တဲ့ မန္တလေးကိုတော့
အမေ့လူထု တလက်မချင်းပဲ
ဆုံးရှုံးလိုက်ရပြီ။

(နိုဝင်ဘာ ၂၉၊ ၂၀၁၁) ၉၆ နှစ်မြောက် အမေလူထုဒေါ်အမာ မွေးနေ့အမှတ်တရ

Comments