တိုတိုတုတ်တုတ်
မောင်လွမ်းဏီ၊ နိုဝင်ဘာ ၆၊ ၂၀၁၁
ကျုပ်က
ငှက်တကောင်ဆိုရင်
ဇင်ယော်လိုလည်း
မြစ်ပေါ်
ဝဲပျံရဲတဲ့ နရီ ရှိတယ်။
ထင်ယောင်ထင်မှား
မတွေးပါနဲ့ ။
ကျုပ်က
ငါးတကောင်ဆိုရင်
ငါးပျံလိုပဲ
လှိုင်းထဲမှာ
ခုန်ပေါက်ဖို့  တေးသံ
ကျောက်ဆောင်နံရံကို
ပဲ့တင်
ထင်သာ
မြင်သာ မဖြစ်ဘူး မပြောပါနဲ့ ။
ကျုပ်က
ပိုက်ကွန်နဲ
့ မှိန်း
ကျိန်းသေ
ခုတ်မဲ့ဓား
ရှောင်ရှားစရာမလိုတဲ့
ရေမြွေ
မြက်လျှော
ဒိုက်သရောထဲက
ရေသတ္တ၀ါ မဟုတ်တော့လည်း
ပြဿနာပဲ
လို့  မသုံးသပ်ပါနဲ့ ။
ကျုပ်က
ဧရာဝတီကို
ဆာလောင်တယ်
ကိုယ့်တိုင်းပြည်
မြို့ ပြက
ကျုပ်ကို
နင်ပဲငဆ
ရန်ထောင် တိုင်းထွာတယ်
ကျုပ်က
ဇာတိမာန်အကြောင်း
အာကောင်းမောင်းသန်
ကဗျာဖွဲ့ သီ
အဲဒီ
အချိန်မှာပဲ
ဆည်ရေဖောက်တယ်၊
ဆည်ကျိုးတယ်
ကျုပ်လည်း
ရင်ကျိုး သပ။
ငှက်
မဟုတ်
ငါး
မဟုတ် မြွေ မဟုတ်
ကျုပ်က
ခြေခြင်းခတ်ခံထားရတဲ့
အကျဉ်းရဲတိုက်သား
လျှာကို
ထိပ်တုံးခပ်ထားတာ ခံနေရသူ။
ကျုပ်က
လူထု
အသံ ကြားချင်လို့ 
ကဗျာငတ်ခံ
ဆန္ဒပြနေတာ ။ ။
(Illustration from http://www.poeticstreetz.blogspot.com/
)

Comments