ဒီမိုကရေစီဘောင်ကိုချဲ
့ပါ၊ သမိုင်းဘီးရှေ့ သို့ လှည့်ပါ
ညီသင့်မြတ်၊ နိုဝင်ဘာ
၁၁၊ ၂၀၁၁
၁၉၄၈တွင် လွပ်လပ်ရေးရသည်။
ဝါဒရေးရာပြဿနာနှင့် လူမျိုးစုအခွင့်အရေးပြဿနာကို အကြောင်းခံ၍ ရဲဘော်ရဲဘက်မှ
ရန်သူရန်ဘက် အသွင်ပြောင်းကာ လပိုင်းအတွင်း ပြည်တွင်းစစ်ဖြစ်သည်။ သက်တမ်းနု
ပါလီမန်ဒီမိုကရေစီစံနစ်သည် ၁၄နှစ်အကြာတွင် စစ်တပ်၏ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။
နိုင်ငံရေးသမားကြီး ၀ိဓူရသခင်ချစ်မောင် စကားနှင့်ပြောရပါမူ ပြည်တွင်းစစ်ကြောင့်
စစ်ဘောင်ကျယ်လာကာ ဒီမိုကရေစီဘောင်ကျဉ်းလာခြင်း ဖြစ်သည်။ ၁၉၆၂မှ နိုင်ငံရေး နယ်ပယ်ထဲသို
့စီးနင်းဝင်ရောက်ခဲ့သော စစ်တပ်သည် ယနေ့ ဆိုလျှင် အနှစ် (၅၀)သက်တမ်း ရှိနေပြီ။
ယနေ့ နိုင်ငံရေးသော့ချက်ပြဿနာသည် ၂၀၀၈ဖွဲ
့စည်းပုံအခြေခံဥပဒေ၌ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် စစ်တပ်ပါဝင်နေခြင်း၊
တနည်းအားဖြင့် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီခြင်းသော ဖွဲ
့စည်းပုံဖြစ်ခြင်းပင် ဖြစ်သည်။ အာဏာရအစိုးရ၏သမတ ဦးသိန်းစိန်ကိုယ်တိုင်ပင် ဖွဲ
့စည်းပုံအပေါ် လက်မခံနိုင်သူများရှိနေကြောင်း
ဝန်ခံပြောဆိုထားသည်။ ဖွဲ့ စည်းပုံဟူသည် အခြေအနေနှင့်လျှော်ညီစွာ
ပြင်ဆင်ပြောင်းလဲ၍ရသည်ဆိုသော်လည်း ယခုဖွဲ့ စည်းပုံမှာ ပြင်ဆင်နိုင်ရန် အလားအလာ
နည်းလွန်းသည်ဟု ယုံကြည်ကြသည်။
၂၀၁၀ရွေးကောက်ပွဲဝင်
နိုင်ငံရေးပါတီများသည် အလုပ်ဖြစ်ရေးရှုထောင့်မှကြည့်၍ အတိုက်အခံဘ၀ဖြင့်
လွှတ်တော်တွင်း ၀င်ကြသည်။ ထိုအချိန်က အဖွဲ့ ချုပ်သည် ရပ်တည်ချက်ရှုထောင့်မှကြည့်၍
၁၉၉၀ပြည့်ရလဒ်နှင့်ရွှေဂုံတိုင်မူကို ဆုပ်ကိုင်ထားခဲ့သည်။ အဖွဲ့ ချုပ်အနေဖြင့်
ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းမှာ
နိုင်ငံရေးအကျဉ်းသားများလွှတ်ရန်၊
ဖွဲ့ စည်းပုံပြင်ဆင်ရန်၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲကျင်းပရန်တို့ ကို
စစ်အစိုးရဘက်မှ လျစ်လျူရှုခဲ့သောကြောင့် ဖြစ်သည်။
အများမျှော်လင့်ထားသည့်အတိုင်းပင် ပြည်ခိုင်ဖြိုးပါတီ
နှင့်စစ်တပ်ကိုယ်စားလှယ်များက အာဏာသုံးရပ်လုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ယခု ရွေးကောက်ပွဲတစ်နှစ်ပြည့်ချိန်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးအောင်ကြည်တို့ ၏ စိမ်းလဲ့ကန်သာ ဆွေးနွေးပွဲများ၊
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်စိန်တို့ ၏ နေပြည်တော်ဆွေးနွေးပွဲ၊ ကုလသမဂ္ဂ
အမေရိကန် ဥရောပ အာစီယံတို့ ၏ မြန်မာ့အရေးအပေါ် ချဉ်းကပ်ဆွေးနွေးပွဲများ၊
ဧရာတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု၊ နိုင်ငံရေးအကျဉ်းသား ရာချီလွှတ်ပေးမှု၊
စာပေနှင့်မီဒီယာထိမ်းချုပ်ခြင်း လျော့ချပေးမှု စသည်တို့ ကြောင့် အစိုးရဘက်မှ
အပြုသဘောဆောင်သော ပြောင်းလဲခြင်း စတင်နေပြီဟု သုံးသပ်လာကြသည်။
လွှတ်တော်တွင်း၌ထင်ရှားသည့်အချက်မှာ
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို လွှတ်တော်နှစ်ရပ်လုံးက
ပြန်လည်ပြင်ဆင်ခဲ့ပြီး သမတဦးသိန်းစိန်က အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ ဥပဒေသစ်တွင်
“အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့်နေရာတွင်
“ထိန်းသိမ်းစောင့်ရှောက်” စကားရပ်အစား “လေးစားလိုက်နာ” ဟုပြင်ဆင်ခြင်း၊
ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီတခုသည် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင်
ဝင်ရောက်ယှဉ်ပြိုင်ရမည် ဆိုသော (ကန့်သတ်ချက်) (ပြင်ဆင်ချက်) နှင့် ထောင်ဒဏ်ကျခံနေသူများ
နိုင်ငံရေးပါတီဝင် မဖြစ်ရ ကန့်သတ်ချက်ကို ပယ်ဖျက်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ရည်ရွယ်ချက်မှာ ယခင်စစ်အစိုးရသည် ၂၀၀၈
ဖွဲ့ စည်းပုံဖြင့် ထွက်ပေါက်ယူခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဖွဲ
့ချုပ်ကိုလည်း ၂၀၀၈ဖွဲ့ စည်းပုံအောက်တွင် မှတ်ပုံတင်နိုင်ရန်နှင့်
ရွေးကောက်ပွဲဝင်နိုင်ရန် ထွက်ပေါက်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ ကြောင့် အဖွဲ
့ချုပ်၏ သေရေးရှင်ရေးဆုံးဖြတ်ချက် ချရမည့်အချိန်၊ မြန်မာ့နိုင်ငံရေး၏
ကံကြမ္မာလှည့်ပြောင်းချိန်သို့ ရောက်လာသည်။ အဖွဲ့ချုပ်၏ ပါတီမှတ်ပုံတင်ရေး မတင်ရေး
ဆုံးဖြတ်ချက်ကို ပါတီဝင်များသာမက ပြည်တွင်းပြည်ပကပါ ရင်ခုန်စွာ စောင့်မျှော်နေကြပြီ။
အဖွဲ့ ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းအရ
“၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့်
အချက်များကို ပြင်ဆင်ပေးလျှင်” ဆိုသောအချက်မှာလည်း တောင်းသလောက်မရခဲ့ပါ။ အဖွဲ
့ချုပ်မည်သို့ ဆုံးဖြတ်မည်နည်း။ ရပ်တည်ချက်ရှုထောင့်မှ ချဉ်းကပ်မည်လား၊
အလုပ်ဖြစ်ရေးရှုထောင့်မှချဉ်းကပ်မည်လား။ ရပ်တည်ချက်ရှုထောင့်မှကြည့်သူသည်
အကောင်းဆုံးကိုမျှော်လင့်သည်။ အလုပ်ဖြစ်ရေးရှုထောင့်မှကြည့်သူသည် လက်ရှိအခြေအနေထက်
ပိုကောင်းတာကိုမျှော်လင့်သည်။
ရပ်တည်ချက်သမားသည်
သော့ချက်ပြဿနာကို ဖြေရှင်းနိုင်မှသာ လက်အောက်ခံပြဿနာများ
ဖြေရှင်းနိုင်မည်ဟူသောအမြင်ဖြင့် ချဉ်းကပ်သည်။ လက်တွေ့ သမားသည် သော့ချက်ပြဿနာကို
မဖြေရှင်းနိုင်သေးပါက လက်ရှောင်ထားပြီး သဘောထားကွဲပြားသူများအကြား
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သော့ချက်ပြဿနာကို ဖြေရှင်းလာနိုင်မည်ဟူသောအမြင်ဖြင့်
ချဉ်းကပ်သည်။ ထိုသူနှစ်ဦးသည် စေတနာအားဖြင့် တူညီကြသည်၊ သို့ သော်
ချဉ်းကပ်ပုံခြင်းမတူ၊ ထို့ ကြောင့် အကျိုးတရားရလဒ်လည်း တူမည်မဟုတ်ပေ။
အကျိုးတရားရလဒ်သည် သန်း၆၀ ပြည်သူတို့ ၏ကံကြမ္မာနှင့် တိုက်ရိုက်အချိုးကျသောကြောင့်
အရေးကြီးပါသည်။ ပို၍အရေးကြီးသည်မှာ သမိုင်းဘီး နောက်ပြန်မလှည့်ရေးပင် ဖြစ်သည်။
အဖွဲ
့ချုပ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို ဆုပ်ကိုင်ထားသောကြောင့်
အလုပ်ဖြစ်ရေး ရှုထောင့်မှ ချဉ်းကပ်မည်ဟု ယူဆမိသည်။ ပြည်သူတို့ အနေဖြင့်လည်း
ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ချုပ်၏ အနှစ်၂၀ ပေးဆပ်မှုအပေါ်
အသိအမှတ်ပြုထားခြင်းကြောင့် မှတ်ပုံတင်ရေးဆုံးဖြတ်ချက် ချမည်ဆိုလျှင်
ထောက်ခံအားပေးကြမည်သာ ဖြစ်သည်။ တရားဝင်နိုင်ငံရေး ပါတီအဖြစ်ဖြင့်သာ
ပါတီတည်ဆောက်ရေး၊ အရည်အသွေးမြှင့်တင်ရေး၊ မျိုးဆက်သစ်ခေါင်းဆောင်များမွေးထုတ်ရေး၊
လူထုစည်းရုံးရေး၊ မဟာမိတ်ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေး စသည့် ပါတီယန္တရားများကို
ပြန်လည်လည်ပတ်နိုင်လိမ့်မည်။
အဖွဲ့ ချုပ်သည် လွှတ်တော်ပြင်ပတွင်
ပြည်သူတို့ ၏ အကြောက်တရားကို လျော့ချကာ နိုင်ငံရေးရေချိန် မြှင့်ပေးခြင်းနှင့်
ဆီဗဲလ်ဆိုဆိုက်တီး လူထုအခြေပြုအဖွဲ့ အစည်းများ ဖွဲ့ စည်းရန် ကူညီအားပေးခြင်း၊
လွှတ်တော်အတွင်း အတိုက်အခံအင်အားစုအနေဖြင့် ချိန်ခွင်လျှာထိန်းညှိခြင်းစသည့်
ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်နိုင်မည်။ တချိန်တည်းမှာပင်
စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများ၏ မဏ္ဍိုင်သုံးရပ်အပေါ် စောင့်ကြည့်မှု၊
ပညာရှင်များ၏အမြင်သဘောထားဖော်ပြမှု၊ ပြည်သူအသံနားထောင်မှု စသည်တို့ သည်လည်း ဒီမိုကရက်တစ်
အင်စတီကျူးရှင်း အားကောင်းမောင်းသန် ဖြစ်လာရေးအပေါ် များစွာအထောက်အကူ
ပေးနိုင်ပါသည်။
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၌ နိုင်ငံတကာထောက်ခံမှုအလံနှင့် လူထုထောက်ခံမှုအလံ ရှိနေပါသည်။
အစိုးရ၌ အပြောင်းအလဲလုပ်ပိုင်ခွင့် အာဏာအလံရှိနေပါသည်။ အလံသုံးလက်လုံးကို နှစ်ဘက်သဘောတူ
စုစည်းနိုင်မှသာလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရှေ့ တိုးနိုင်ပါလိမ့်မည်။
လက်ရှိအစိုးရ၏ အလံတစ်လက်တည်းဖြင့် ကောင်းမွန်သောအနာဂါတ်ကို မဖန်တီးနိုင်ကြောင်း
အစိုးရ၊ အတိုက်အခံ၊ ပြည်သူနှင့် နိုင်ငံတကာ အားလုံးက သိနေသည်။
အဖွဲ
့ချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်တွင်ရှိသော အလံနှစ်လက်ဖြင့် ဒီမိုကရေစီဘောင်ချဲ
့ရန် ကြိုးပမ်းနိုင်ပါသည်။ ထို့ ကြောင့် လာမည့် ၁၈ ရက်နေ့ တွင် သမိုင်းဘီးရှေ့ သို
့သွက်သွက်လည်ပတ်နိုင်မည့် ဆုံးဖြတ်ချက်ကို အဖွဲ့ ချုပ်က ချမှတ်လိမ့်မည်ဟု
ယုံကြည်ပါသည်။
(ဓာတ်ပုံ - တာရာဝေယံ၊
ဒေါ်အောင်ဆန်းစုကြည်၊ ဦးမောင်ကို ကွယ်လွန်ခြင်း ၂၁နှစ်ပြည့်၊ နိုဝင်ဘာ ၉)

Comments