၂၃နှစ်စာ A4
ဆိုဒ်တမျက်နှာ
ဆောင်းယွန်းလ၊
နိုဝင်ဘာ ၁၄၊ ၂၀၁၁
’၁
နဲ့ င’’ မကွဲပြားခဲ့ကြသေးတဲ့ ‘’သူက ရရစ် ငါက ယပင်း’’ အချင်းများခဲ့ကြတဲ့
‘’က နဲ့
ယ’’ ကို တထပ်တည်းချပြီး ‘’ထ’’လို့ ထင်ခဲ့မိကြတဲ့ ‘’ေ နဲ့ ခ’’ မှားရေးခဲ့မိကြတဲ့
တိမ်တွေကို
တောင်လို့ထင်မှတ် ဖိနပ်ပြတ်ခဲ့ရတဲ့ ‘’နှစ်နဲ့နှစ်’’ ပေါင်းရေးလို့
‘’လေး’’မဖြစ်ခဲ့ကြတဲ့
‘’ငါး
ထဲ ငါး’’ထည့်ပေါင်းပေမယ့်လည်း ဘဲဥမကွဲခဲ့ကြတဲ့ နှစ်ကာလတွေ
နှစ်ကာလတွေအားလုံးက
အရင်အတိုင်း
အရင်အတိုင်းတွေကလည်း
များတော့ ‘’အောင်ခိုင်အောင်နိုင်’’ကလည်း အရင်ဇယားအတိုင်းပဲ
တတိုက်တည်းနေ
တရေတည်းသောက် တမိုးတည်းအောက်မှာ တလမ်းတည်းလျှောက်နေကြရင်း
တယောက်သောသူက
ကျနော်ဟာ ဝေလီဝေလင်းမှာပါလို့ပြောပြီး တယောက်သောသူကတော့ ကျမဟာ
မှောင်ကြီးမဲထဲမှာပါလို့ ပြောတယ် ဝိုင်းတဲ့ဝိုင်းက ဝိုင်းပြီး ပြားတဲ့ပြားက
ပြားနေတုန်း ဖောင်းတဲ့ဖားကဖောင်းပြီး ပြားတဲ့ဖားကပြားနေတုန်းဆိုတော့လည်း
စကားတွေကို ကြာနီကန်တရားနာသလို နာနေရတုန်းပဲ
အင်တာနက်ကမ္ဘာ
လေလှိုင်းရွာထဲကို တပတ်ပတ်လိုက်ရင် တနေရာမှာ ဆားပုလင်းနှင်းမောင်လိုလို
မြိုင်ရာဇာတွတ်ပီလိုလို အပြုတ်နှံသမားဟာ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားလို့
တနေရာမှာ
စကော်ပီယန်လိုလို ပင့်ကူလိုလို တွားသွားသတ္တဝါဟာ ကယ်ဆယ်ရေးစကားလုံးတွေကို
ဘုံးးပေါလအောဇာတ်နာအောင်သုံးလို့ တနေရာမှာ တချို့တလေဟာ ကိုယ်ရည်သွေးတီးလုံးတွေကို
မဆုံးတဲ့သီချင်းလို ကျယ်ကျယ်လောင်လောင် သီဆိုကြလို့ တနေရာမှာတော့
အရှိုက်ကိုအငိုက်မှာထိုးတဲ့ ကိုယ်ဖော့လက်သီးပုန်းတွေက ပြည်သူလူထုဆိုတဲ့ စကားလုံးကို
ကျည်ကွယ်မျက်ကွယ်မှာ ကာဗာလုပ်ရင်း အမနာပလေပြင်းတွေကို တဝုန်းဝုန်းတဒိုင်းဒိုင်း
တိုက်ခတ်လို့ တချို့နေရာတွေမှာ သူဖြူကိုယ်မဲ ကီးဘုတ်တိုက်ပွဲတွေဆင်နွှဲလို့
အုပ်တချပ် သဲတပွင့်စီတိုင်းဟာ တဒေါင့်တနေရာစီကနေ လေထဲကို
တလိမ့်ချင်းတပတ်ချင်း
လှိုင်းစီးသလို ကန်ချက်ပြင်း ဂိုးသွင်းဘောလုံးဟာ ဂိုးသမားရဲ့ ညာဘက်ဘေး
ဂိုးတိုင်အပြင်ဘက် ဝါးတရိုက်သာသာဆီကို မူလလက်ဟောင်းထုံးစံတွေအတိုင်း ဒုံးပျံလို
ခပ်သွက်သွက် ချော်ထွက်သွားတယ် မမြင်ဖူးသူတွေဆိုရင် သွက်ချာပါဒလိုက်သွားလောက်တယ်
ဒါပေမယ့် ဒီအခင်းအကျင်းက အဟောင်း အဟောင်းဆိုတော့ အရောင်းမသွက်တဲ့ အဟောင်းတခွက်ကို
ဈေးနှုန်းချိုသာစွာနဲ့ ရောင်းထွက်ဖို့က အရေးကြီးနေတယ် တိုင်ကပ်နာရီဆီကို
ကြည့်လိုက်မိတော့ ညက နာရီတော်တော်ထိုးနေလှပြီ တွေးရင်းတွေးရင်း စိတ်အိုက်လာတယ်
ရေးရင်းရေးရင်း အိပ်ငိုက်လာတယ် အတွေးထဲမှာရေးနေမိတဲ့ ၂၃နှစ်စာ နိုဝင်ဘာကဗျာတပါဒကို
A4 တမျက်နှာစာ အထက်ဖော်ပြပါအတိုင်းနဲ့ အောက်ပါအတိုင်း ယခုလက်ရေးနဲ့
ချရေးလိုက်မိတယ်…‘’ဘာမှမလုပ် ငုတ်တုတ်ထိုင်စောင့်နေခဲ့ကြတဲ့ နဲနဲရှင်း
များများရှုပ်ပြီး ပုဆိုးခြုံထဲလက်သီးဆုပ်ခဲ့ကြတဲ့ စိတ်ဓာတ်တွေကို
အိပ်ကပ်ထဲထည့်ချိတ်ပိတ် ရုပ်သိမ်းပစ်ဖို့တော့ အချိန်တန်နေပြီ’’။
။

Comments
အတုနဲ့အစစ် တထပ်ထဲ ကျတဲ့ ခေတ်
လက်ပြ နှုတ်ဆက်ခွင့် ရတော့မလား
ကျနော်
ဒီိလိုခေတ်ကို မျက်မှောက်ပြုရတာ ပျော်တယ်
ကျေနပ်တယ်
ဒီကြိုးတန်း `ခေါင်း ´ နဲ့ လျှောက်ဖို့
နားလည်ခွင့်ကို ရလိုက်လို့။