Save Irrawaddy Community Forum - Min Zin


Save Irrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း ဒုတိယပိုင်းထွက်
မိုးမခ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၁ (Save Irrawaddy SF Video Team)
နိုဝင်ဘာ ၁၉၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်ထရယ်ဗီးလ်ကွန်မြူနီတီစင်တာမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဟောပြောပွဲနဲ့ ဆွေးနွေးပွဲက ရုပ်သံမှတ်တမ်းဒုတိယပိုင်းကို Save Irrawaddy SF လုပ်အားပေးများက အများပြည်သူတို့ ကြည့်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။
ဒုတယပိုင်းမှာ ဟောပြောသူက ယူစီဘာကလေမှာ ပါရဂူဘွဲ့စာတမ်းပြုစုနေသူ သတင်းစာဆရာ ကိုမင်းဇင် ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ တရုတ်ပြည်ဆက်ဆံရေး နယ်ပယ်အသီးသီးဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာနဲ့ လူတန်းစားအလွှာအဆင့်ဆင့်ရဲ့ အနေအထားတွေကို ရှင်းပြပါတယ်။ ဧရာဝတီလှုပ်ရှားမှုကဲ့သို့ မြန်မာပြည်သားတွေ စုစည်းညီညွတ်တဲ့ လူတန်းစားပေါင်းစုံတဲ့ လှုပ်ရှားမှုမျိုးနဲ့ ဥာဏ်၊ ပညာ၊ သိက္ခာနဲ့ ချီတက်ကြဖို့ကို တိုက်တွန်းသွားပါတယ်။
လူငယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မြန်မာပြည်အရေး၊ အာရှအရေး၊ တရုတ်ပြည်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စိတ်ဝင်စားသူများ နားထောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။  သူရဲ့ ပါဝါပွိုင့်ဆလိုက်များကိုလည်းကိုးကားနိုင်အောင်  မေတ္တာရပ်ခံပေးပါ့မယ်။ နောက်ဆက်တွဲအပိုင်းများကို  နေ့စဉ် ဆက်လက်တင်ဆက်ပါမယ်။

Comments