ဆန်ဖရန်စစ္စကိုဘေးဧရိယာ
မြန်မာပြည်ရဲ့ဧရာဝတီချစ်သူများ ဆွေးနွေးပွဲ ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊
(Photos - Save Irrawaddy SF)
နိုဝင်ဘာ ၂၀၊
၂၀၁၁
ယမန်နေ့က
ဆန်ဖရန်စစ္စကိုဘေးဧရိယာက မြန်မာကွန်မြူနီတီရဲ့ဧရာဝတီချစ်သူများ ဟောပြောပွဲနဲ့
ဆေးနွေးပွဲကျင်းပခဲ့ပါတယ်။ ဖရီးမောင့်မြို့ရဲ့ မြန်မာများစုဝေးရာ Centerville
Community Center မှာ ဧည့်ပရိသတ် ၁၀၀ ခန့် တက်ရောက်တဲ့ပွဲဖြစ်ပါတယ်။
ပွဲရဲ့ ပထမအဖွင့်မှာ ဆန်ဖရန်ကွန်မြူနီတီ မြန်မာမိသားစုများထဲက ဂီတချစ်သူ ကိုမျိုးညွန့်နဲ့ မိတ်ဆွေများက အဆိုတော်ခင်ဝမ်းရဲ့ “ဧရာဝတီ” သီချင်းကို သီဆိုပြီး ဖွင့်လှစ်လိုက်ပါတယ်။
Save Irrawaddy SF လှုပ်ရှားမှုရဲ့ ဖြစ်တည်ပေါ်ပေါက်လာမှုကို အဖွဲ့ကိုယ်စား ဦးမြတ်ထူးက မိတ်ဆက်ရှင်းလင်းပါတယ်။
အခမ်းအနားမှူးအဖြစ် ကိုဂျေစင်က ဆောင်ရွက်ပါတယ်။ ဆွေးနွေးပွဲမော်ဒရိတ်တာများအဖြစ် ကိုညွန့်သန်းနဲ့ မောင်ရစ်က ဆောင်ရွက်ပါတယ်။
ဟောပြောသူများအနက် International
River Network က Grace Mang က တရုတ်ပြည်၏ ဆည်စီမံကိန်းဆိုင်ရာ
ရင်းနှီးမြုပ်နှံမှုများနဲ့ မြန်မာပြည်အကြောင်းကို တင်ပြပါတယ်။
UC Berkeley မှာ ပါရဂူဘွဲ့
စာတမ်းတင်နေသူ သတင်းစာဆရာကိုမင်းဇင်က တရုတ်ပြည်နဲ့ မြန်မာဆက်ဆံရေးကို
ထုတ်ဖော်ရှင်းလင်းပြပြီး မြန်မာပြည်ပြန်လည်တည်ဆောက်ရေးအတွက်
မြန်မာနိုင်ငံသားတွေရဲ့ အရေးပါတဲ့အခမ်းကဏ္ဍကို ယခုလက်ရှိ အားလုံးတယောက်တလက်ပါဝင်ကြတဲ့
ဧရာဝတီလှုပ်ရှားမှုကြီးနဲ့ နှိုင်းယှဉ်ပြီး ပြောသွားပါတယ်။
ဆက်လက်ဟောပြောသူ US Campaign for
Burma က ဒါရိုက်တာ ကိုအောင်ဒင် ဧရာဝတီကာကွယ်ရေး လုပ်ငန်းများမပြီးသေးကြောင်း၊
ပြည်ပရောက် မြန်မာကွန်မြူနီတီအသီးသီးက ဖိအားပေးခြင်း၊ ပညာပေးခြင်း၊ စည်းရုံးလှုံဆော်ခြင်းများ
ဆက်လက်လုပ်ကိုင်ကြဖို့အကြောင်း၊ ပြည်တွင်းက နယ်ပယ်အသီးသီးကို
ထောက်ခံအားပေးသွားကြဖို့လိုကြောင်း ပြောကြားသွားပါတယ်။
နောက်ဆုံးဟောပြောသူ ကချင်ကွန်မြူနီတီက လူငယ်ကိုယ်စား ကိုအယ်လ်နော်ဆန်းက ဧရာဝတီမြစ်ရိုးတလျောက် မှီတင်းနေထိုင်ကြသူ မြန်မာတိုင်းရင်းသားဒေသအသီးသီးက ဧရာဝတီမြစ်အရေးကို ၀ိုင်းဝန်းကြတဲ့အတွက် မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့နိုင်ခဲ့သလို ဆက်လက်ပြီးတော့လည်း တိုင်းရင်းသားများ မိသားစုများ နေ့စဉ်ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်းများကိုလည်း ဆက်လက်ပြီး ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ဖြင့် လက်တွဲရင်ဆိုင်ကြဖို့ ပြောဆိုသွားပါတယ်။
ယခုကဲ့သို့ မြန်မာပြည်ရဲ့ဧရာဝတီချစ်သူများဆွေးနွေးပွဲ ဖြစ်မြောက်အောင် မြန်မာကွန်မြူနီတီရဲ့ မိသားစုများရဲ့ တယောက်တလက်ဝိုင်းဝန်းကြတဲ့ လှုပ်ရှားမှုဖြစ်တဲ့ Save Irrawaddy SF Movement ကိုယ်စား လုပ်အားပေးများ၊ စေတနာရှင်များက ပြန်လည်ပြောကြားရမှာ မြန်မာပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဧရာဝတီအရေးကိစ္စများကို မိမိတို့က အများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ဆက်လက်ပြီး လှုံဆော်မှုများ၊ စည်းရုံးမှုများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ မေးခွန်များ အကြံဥာဏ်များကိုလည်း ကြိုဆိုကြောင်း၊ ယခုဆွေးနွေးပွဲကိုလည်း အများပြည်သူ ကြည့်ရှုနိုင်အောင် ဖြန့်ချိမယ်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
(http://saveirrawaddysf.blogspot.com )
http://www.facebook.com/#!/media/set/?set=a.10150381203659315.358912.734169314&type=3
https://picasaweb.google.com/103316694197558231447/SaveIrrawaddyNov192011?authkey=Gv1sRgCJX6ieXqrcyz0wE&feat=email#
(Photo , Video - Ko Zaw Phan, Ko Kyaw Naing, Ko Nyein Chan, Save Irrawaddy SF)

Comments
ကျနော်သိချင်တာက Save Irrawaddy SF movement မှာ SF ရဲ့ ရှည်ကောက်က ဘာလဲမသိဘူး
ကျေးဇူးပြုပြီးတော့ သိတဲ့သူရှိရင် ပြောပေးပါ