ရွှေ့ဂက်စ်ပိုက်လိုင်းပရောဂျက်ကို ကန့်ကွက်ကြရေး
Save Irrawaddy SF လည်းပါဝင်မည်
မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၂၉ ၊
၂၀၁၁
လာမယ့် နိုဝင်ဘာ ၃၀၊ ဗုဒ္ဓဟူးနေ့ မှာ နိုင်ငံတကာလှုပ်ရှားမှုအဖြစ်
ရခိုင်ကမ်းရိုးတန်းကနေ မြန်မာပြည်ရဲ့ခါးလယ်ကိုဖြတ်ပြီး
တရုတ်ပြည်ဆီကိုသွယ်တန်းမယ့် ရွှေ့ဂက်စ်ပရိုဂျက်ကို ဆန့်ကျင်ကန့်ကွက်ကြရန် Shwe
Gas Movement က လှုံဆော်ထားပါတယ်။ (http://www.shwe.org/
)
ယခင်တပတ်ကတည်းက
လန်ဒန်နဲ့ တိုကျိုမြို့မှာ မြန်မာကွန်မြူနီတီက တရုတ်သံရုံး၊ မြန်မာသံရုံးတွေရှေ့မှာ
ကန့်ကွက်ဆန္ဒပြခဲ့ကြတာကို တွေ့ရပါတယ်။
ရွှေဂက်စ်လှုပ်ရှားမှုအကြောင်း
ဗီအိုအေသတင်းမှာ ကြည့်ရှုပါ။
လာမည့်
နိုဝင်ဘာ ၃၀၊ မွန်းတည့်ချိန်တွင် ဆန်ဖရန်စစ္စကို၊ ဂျပန်တောင်းအနီး တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ
မြန်မာကွန်မြူနီတီတို့ စုဝေးဆန္ဒပြကြရန် ဆန်ဖရန်မြန်မာ့အရေးလှုပ်ရှားသူများက လှုံဆော်လျက်ရှိပြီး၊
Save Irrawaddy SF Movement က မြန်မာတို့ကလည်း ပါဝင်ဆန္ဒပြကန့်ကွက်ကြမည် ဖြစ်တယ်လို့
ဆိုပါတယ်။ (http://saveirrawaddysf.blogspot.com
)
တရုတ်ပြည်အစိုးရနဲ့
အာဏာပိုင်များ၊ လုပ်ငန်းရှင်များဟာ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး နဲ့ အထွေထွေလူမှုဘ၀မှာ
လက်ဝါးကြီးအုပ် တဖက်သတ်အမြတ်ထုတ်နေတယ်၊ မြန်မာပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်မှာ
အကာအကွယ်နဲ့ စောင့်ရှောက်မှုကင်းမဲ့နေတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူများက ဝေဖန်လျက်ရှိပါတယ်။
တရုတ်အစိုးရဲ့ စီမံကိန်းတခုဖြစ်တဲ့ မြစ်ဆုံရေကာတာလုပ်ငန်းကို ဒေါ်အောင်ဆန်းစကြည်အပါအ၀င်
မြန်မာတမျိုးသားလုံးက ကန့်ကွက်ခဲ့ကြတာကြောင့် လက်ရှိမြန်မာအစိုးရက စက်တင်ဘာ ၃၀မှာ
ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်းကို ခေတ္တရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Comments