နိုင်ငံ့ခေါင်းဆောင်ဒေါ်စုနဲ့
ကုလအထူးကိုယ်စားလှယ် တွေ့ဆုံကြပြန်
မိုးမခဓာတ်ပုံသတင်း၊
နိုဝင်ဘာ ၃၊ ၂၀၁၁
ယနေ့ ညနေ ၆နာရီကျော်မှ ၆ နာရီခွဲ
ဝန်းကျင်ထိ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့နေအိမ်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့
အထူးသံတမန် မစ္စတာ နမ်းဗီယားနှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းမီဒီယာများရဲ့မေးခွန်းကိုဖြေကြားခဲ့ပါတယ်။
မစ္စတာနမ်ဗီယားက ဦးသိန်းစိန်အစိုးရအပေါ်
အပြုသဘော ရှုမြင်ကြောင်းပြောဆိုခဲ့ပြီး၊ တိုးတက်မှုတွေ တွေ့ရတယ်လို့လည်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံအရေးကိစ္စမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ယခုထက်
ပိုပြီး တက်ကြွစွာ ပါဝင် လှုပ်ရှားစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ (ဓာတ်ပုံ - မိုးမခ)
Comments