သစ်လုံးရထား
ဇေမှိုင်း၊ နိုဝင်ဘာ ၂၇၊ ၂၀၁၁
တံတားအောက်မှာ
မြွေတကောင်ပမာ
ခွေနေတာ.....။
အနားမှာရှိတဲ့
ကလေးကမေးတယ်
သစ်လုံးတွေက
ဘီရိုတွေ၊ စားပွဲတွေ
ဖြစ်ကြမှာပေါ့နော်
ကလေးရယ်
ဒီသစ်တုံးတွေက
မကြာခင်
ထင်းတုံးတွေဖြစ်သွားတော့မှာ
ဒီကလေးက
ငိုတယ်
မငိုပါနဲ
့ကလေးရယ်
ကိုယ့်ကိုကိုယ်လောင်မြိုက်ခံပြီးမှ
လူတွေကို
နွေးထွေးမှုပေးတာ
မငိုပါနဲ
့ကလေးရယ်
တံတားအောက်မှာ
သစ်လုံးရထားတွေ
ဖြတ်သန်းသွားတယ်
ကလေးငယ်လည်း
ငိုသံတိတ်
ရယ်ပေါ့…။

Comments