Burma sets parliamentary by-election for April 1

ဧပြီ ၁ တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်
AP သတင်းဌာန
ဒီဇင်ဘာ ၃၀၊ ၂၀၁၁

ဒီဇင်ဘာ ၂၃ ရက်နေ့က တွေ့ရသော ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ - Getty Images)

မြန်မာအစိုးရက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ဧပြီ ၁ ရက်နေ့ကို သတ်မှတ်လိုက်သည်။

ရွေးကောက်ပွဲရက် မသတ်မှတ်မီကပင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD က ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။

ရွေးကောက်ပွဲ ပြုလုပ်မည့် ၄၈ နေရာအနက် အများစုမှာ အစိုးရ ၀န်ကြီးများအဖြစ် တာဝန်ပေးခံရ သော လွှတ်တော်ကိုယ်စားလှယ်တို့၏ မဲဆန္ဒနယ်များ ဖြစ်သည်။

NLD က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။. အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန် ကန့်သတ်ခြင်းကဲ့သို့သော စည်းကမ်းချက်များ ပြဋ္ဌာန်းထားသောကြောင့် ဖြစ်သည်။

အစိုးရသည် မကြာသေးမီက ကန့်သတ်ချက်အများအပြားကို ပယ်ဖျက်ပေးခဲ့သည်။

( AP သတင်းတပုဒ်ကို မိုးမခက ဘာသာပြန်သည် )

Comments