Burma VJ goes online

Burma VJ Media (ဘားမားဗီဂျေ) မိုးပေါ်ရောက်ပြီ
မိုးမခ၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၁
မြန်မာပြည်တွင်းက ဗီဒီယိုဂျာနယ်လစ်တွေရဲ့ သတင်းစာမျက်နှာ ( http://www.burmavjmedia.net/ ) ကို ဒီဇင်ဘာ ၁၀၊ ကမ္ဘာလု့အခွင့်အရေးနေ့မှာ အမှတ်တရ စတင် လွှင့်တင်လိုက်ကြောင်း သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်ဆုရရှိခြင်း အနှစ် ၂၀ အထိမ်းအမှတ်ပွဲ  ရန်ကုန်မြို့က သတင်းမှတ်တမ်းများနဲ့အတူ ပြည်တွင်းက သတင်းစာမျက်နှာပေါ်က ပုဂ္ဂိုလ်တွေ (newsmakers) ကလည်း  ဘားမားဗီဂျေဝက်ဆိုက်အတွက် ဆုမွန်ကောင်းများတောင်းပေးတာကိုလည်း တင်ဆက်ထားပါတယ်။
၂၀၀၇ သံဃာ့အရေးတော်ပုံကာလတွင်းမှာ  စွန့်လွှတ်အနစ်နာခံသော သပိတ်မှောက်သံဃာတော်များအကြောင်းကို အခြားမီဒီယာအေဂျင်စီများကတဆင့် သတင်းပေးပို့ခဲ့ကြတဲ့ မြန်မာဗီဒီယိုဂျာနယ်လစ်တွေရဲ့ ယခုအချိန်ကစပြီးတော့ တိုက်ရိုက် သတင်းတင်ဆက်မှုကို အဆိုပါ ၀က်ဆိုက်မှာဖတ်ရှုရတော့မယ် ဖြစ်ပါတယ်။ တခုရှိတာက သုတို့အကြောင်းကို အများသူငှာသိရှိဖတ်ရှုမှတ်သားနိုင်အောင် မှတ်တမ်းစာမျက်နှာ (About Us) စာမျက်နှာတော့ မတွေ့ရသေးပါဘူး။

Comments