Burmese Short-Film popular share on Internet

Art of Freedom Film Festival (ဇန်န၀ါရီ ၄ ရက်) ပြိုင်ပွဲချိန် နီးလာသည်နှင့်အမျှ
အင်တာနက်ပေါ်တွင် မြန်မာပြည်အရေး ရုပ်ရှင်ကားတိုများ ခေတ်စားလာ
မိုးမခရုပ်သံ၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၁
ယခင်တပတ်က ဒါရိုက်တာဝိုင်းရဲ့ "Ban that Scene" ကားတိုတခု အင်တာနက်ပေါ်မှာ ခေတ်စားလာခဲ့ပြီးနောက် စာဖတ်သူတွေက မြန်မာ့အရေးဖော်ကျူးတဲ့ ကားတိုတွေကို ရှာဖွေဖော်ထုတ်ပြီး လက်ဆင့်ကမ်း မျှဝေလာကြတာကို တွေ့ရပါတယ်။
တချို့ကားတွေက လာမယ့် ၂၀၁၁၊ ဇန်န၀ါရီလ ၄ မှာ ကျင်းပပြုလုပ်မယ့် Art of Freedom Film Festival ရုပ်ရှင်ပြိုင်ပွဲဝင် ကားတိုတွေ ဖြစ်တယ်လို့ ဆိုကြပြီး အချို့ကတော့ ပရိသတ်က နှစ်သက်လို့ လက်တို့တဲ့ ကားတိုတွေ ဖြစ်ပါတယ်။
အောက်ပါကားကတော့ ဟက်ပီးဝေါလ်ဒ်အမည်နဲ့ မြန်မာပြည်ရဲ့ စစ်အာဏာရှင်အောက်က ကမောက်ကမမြင်ကွင်းများက ဟာသနဲ့ သရော်ထားတဲ့ ဇာတ်ကားတိုဖြစ်ပါတယ်။
Happy World - Burma, the dictatorship of the absurd from Happy World on Vimeo.

အောက်ပါကားကတော့ ဒါရိုက်တာ ထွန်းထွန်းအေးရဲ့ ပြိုင်ပွဲဝင်ကားတခုဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ဖော်ကျူးထားတာ တွေ့ရပါတယ်။
Beyond ... from Tun Tun Aye on Vimeo.

အဲဒီဒါရိုက်တာကပဲ ဆွစ်သံရုံး ၂၀၁၁ ရန်ကုန်ဓာတ်ပုံပြပွဲမှာ ဆုရခဲ့တဲ့ နာရေးကူညီမှုအသင်းအကြောင်း မှတ်တမ်းတင်ကားတိုကို တင်ဆက်ထားတာလဲ တွေ့ရပါတယ်။
Free Funerals for All from Tun Tun Aye on Vimeo.

အောက်ပါကားတိုလေးကတော့ တွမ်ချော့ပါ၈၆ တင်ထားတဲ့ ပြိုင်ပွဲဝင်ကားတိုလေးဖြစ်ပါတယ်။

Comments