မိုးမခ၊ ဒီဇင်ဘာ ၁၄၊
၂၀၁၁
၈၇၊ ၈၈ ကာလ တက္ကသိုလ်နောက်ခံ ရုပ်ရှင်ကား
"လွမ်းစိမ့်" ဇာတ်ကားကို ၂၀၁၀ ရွေးကောက်ပွဲကာလမတိုင်ခင်က မြန်မာပြည်တွင်
ဖြန့်ချိပြသရန် ရုပ်ရှင်ဆင်ဆာက တားမြစ်ခဲ့သည်။
ထိုဇာတ်ကား နမူနာကို ပန်းချီမင်းကျော်ခိုင်က
၎င်းဖေ့စ်ဘွတ်တွင် တင်ထားပြီး ဒါရိုက်တာ ချိုတူးဇော်က အောက်ပါအတိုင်း မှတ်ချက်ပေးထားသည်။
လွမ်းစိမ့်. . . ဆိုတာ. နှစ်ပေါင်း
၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ဝပ် ဖိနှိပ်ခံထားရတဲ့ မြန်မာပြည်ရဲ့ စာပေ
ဂီတ ရုပ်ရှင်တွေထဲကနေ.. ရုန်းကြွတော်လှန်လာတဲ့ အနုပညာ ပစ္စည်းတခုပဲဗျ။
ဒါ ဗီဒီယို ကား သက်သက် မဟုတ်ဘူး။
သမိုင်း ပါ။
ကျနော်တို့ရဲ့ တော်လှန်ရေး ပါ။
၈၈ မျိုးဆက်ရဲ့ သမိုင်းဝန် ထမ်းပိုးမှုပါ။
Comments