Shwe Nya Wah Sayadaw to be disrobed by Regime's monks authority

 နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ရွှေည၀ါဆရာတော်အား သံဃာအဖြစ်မှ ဖယ်ရှားမည့်အကြောင်း စာပို့
မိုးယံမခ၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၁
          ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ သာဓုပရိယတ္တိစာသင်တိုက်၊ ဓမ္မကထိက ရွှေည၀ါဆရာတော် အရှင်ပညာသီဟသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ အရေးယူဆောင်ရွက်ရန်ကိစ္စ အကြောင်းကြားစာကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။
          ထိုအကြောင်းကြားစာတွင် အပိုဒ် ၂ ပိုဒ် ပါရှိ၍ အပိုဒ် (၁) တွင် ဆုံးဖြတ်ချက် ၃ ရက် ပါရှိသည်။ 
          အပိုဒ် ၁ တွင် ဖော်ပြထားသည်မှာ …
(၁) ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်မှ ရွှေည၀ါဆရာတော် ဦပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၈၊ ၁၁၊ ၂၀၁၁ နေ့တွင် ကျင်းပသော ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယက (၄ရ)ပါး စုံညီ ပန္နရသမဟ အစည်းအဝေးက ဖော်ပြလတ္တံ့အတိုင်း ဆုံးဖြတ်ခဲ့ပါသည်။
ဆုံးဖြတ်ချက်
          ရွှေည၀ါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍
(က) ရွှေည၀ါဆရာတော်ဦပညာသီဟအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်
(ခ) သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးမညွန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်
(ဂ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ခွင့်ပြုချက်မရဘဲ မည်သည့်ပုဂ္ဂိုလ်မျှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုရန် ဟူ၍ ဖြစ်သည်။
          အပိုဒ် ၂ တွင် ဖော်ပြထားသည်မှာ
၂။ သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ် ၁ ပါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရေး ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးသို့ ဆက်လက် ညွှန်ကြားဆောင်ရွက်သွားပါရန် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြားလျောက်ထားပါသည်။
(ဘဒ္ဒန္တ၀ါယမ)
အဂ္ဂမဟာပဏ္ဏိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်
ဟူ၍ ဖော်ပြထားကြောင်း သတင်းရရှိပါသည်။
Shwe Nya Wah Sayadaw - 10th Dec 2011, Rangoon

Comments