ပြန်ရတော့မလား ဇန်နဝါရီ
လင်းနွေးအိမ်၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၂
ကြည့်လိုက်စမ်း
တလောကလုံး ပြုံးနေကြပုံများ
ဆောင်းအိပ်မက်ထဲတောင် ဒီလောက်ကြီး
ဟောဒီ ရင်ဘတ်ကြီးထဲမှာ …
ခွာသံတဖြောင်းဖြောင်းနဲ့
ဗြောင်းဆန်နေရင်
တကယ်သာဆို …
အို …
အကိုတို့ရေ
နွေဦးသစ်ရဲ့တမနက်မှာ
ပြန်ဆုံကြမယ် ရီမောရင်း။ ။
(Illustration
Photo Credit - http://rosemaryl.blogspot.com/2009_10_01_archive.html
)
Comments