သုံးခွမြို့
လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အချို့
Yangon
Press International။ ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၂ (YPI)
ယနေ့မွန်းလွဲပိုင်းက
သုံးခွမြို့သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ရာ ညနေ
၅ နာရီခွဲမှ ၆နာရီမထိုးမီ အထိ မြို့ပြင် ပဲခင်းထဲတွင် လူထု
ဟောပြောပွဲပြုလုပ်ခဲ့ရာတွင် ပြောကြားခဲ့ချက်အချို့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။
(၁)
(၁)
“
မဲတပြားကို မှားပြီးတော့လည်း မဖြစ်ပါစေနဲ့ ကြောက်လို့ပေးတာမျိုးလည်း မဖြစ်ပါစေနဲ့
ချော့ပြီးယူတာမျိုးလည်း မဖြစ်ပါစေနဲ့ ၊ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော နှလုံးနဲ့ပါ
စဉ်းစားပါ၊ ဘယ်အဖွဲ့ကိုထောက်ခံမလဲ၊ ဘာဖြစ်လို့ ထောက်ခံမလဲ ဆိုတာ စဉ်းစားရမယ်။
ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ”
(၂ )
ကျွန်မတို့ ဒီလိုပြောခြင်းအားဖြင့် ကျွန်မတို့ ကိုယ်စားလှယ်ကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ”
(၂ )
“
မဲပေးတာဟာ လူပုဂ္ဂိုလ် တဦးတယောက်ထဲ မဟုတ်ပါဘူး၊ တကယ်အရေးကြီးတာက
အဖွဲ့အစည်းတခုအတွက်ပေးရပါတယ်။ နိုင်ငံရေး အဖွဲ့အစည်းဟာ မူရှိရတယ်။ အစဉ်အလာရှိရတယ်၊
ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သမိုင်းလည်း ရှိရတယ်”
(၃)
“ ၁၉၉၀
ခုနှစ် လွပ်လပ်တဲ့ ရွေးကောက်ပွဲမှာ ကျွန်မကြိုတင်မဲပဲ ပေးပိုင်ခွင့်ရှိခဲ့တယ်၊
၂၀၁၀ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့လို့
ကျွန်မ လုံးဝမဲမပေးခဲ့ပါဘူး၊ ဒါကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲက ကျွန်မတသက်လုံးမှာ
ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရတဲ့ အကြိမ်ဖြစ်ပါတယ် ”
(၄)
“ ကျွန်မ
သတိပေးမယ်နော် သိပ်ပြီး ကတိပေးတဲ့ အဖွဲ့တွေဆို မဲမပေးနဲ့၊ ဒါလေး လုပ်ပေးမယ်၊
ဟိုဟာလေး လုပ်ပေးမယ် ချော့ပြီးတောင်းတာပေါ့နော်၊ ချော့ပြီး တောင်းတာက သိပ်မဆိုးသေးဘူး
ခြောက်ပြီးတောင်းတာ တော်တော်ဆိုးတယ်နော်၊ မဲပေးလို့ရှိရင် လုံးဝမကြောက်ပါနဲ့၊
မဲပေးတဲ့အခါ ဘယ်ပုံးထဲကိုထည့်တယ်ဆိုတာ ဘယ်သူမှ သိနိုင်တာမဟုတ်ပါဘူး၊ ခြောက်ရင်လည်း
ကြောက်ချင်ယောင် ဆောင်လိုက်၊ မဲပေးတဲ့အခါ ဒေါ်စုစုလွင်ကိုပဲ မဲပေးပါ ”
YPI
(သုံးခွမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူက ယခင် အန်အယ်လ်ဒီ ပါတီ
အတွင်းရေးမှူး ဦးလွင်ရဲ့ သမီးဖြစ်သူ ဒေါ်စုစုလွင်ပါ။ ဒေါ်စုစုလွင်ကို မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က
ယနေ့ ဟောပြောချက်ထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်)
Comments