Funeral for U KHin Nyo

ကိုးကိုးကျွန်းပြန် ဦးခင်ညို ဈာပန ကျင်းပပြီးစီး
မိုးမခအထောက်တော်၊ ရန်ကုန်။
ဧပြီ ၂၈ ၊ ၂၀၁၂



နိုင်ငံရေး အကျဉ်းသူဟောင်း မသန္တာ၏ ဖခင်ဖြစ်သူ ကိုးကိုးကျွန်းပြန် ဦးခင်ညို ၏ ဈာပနအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရေဝေးသုဿန်၌ ကျင်းပပြီးစီးသွားပြီဖြစ်သည်။
အခမ်းအနားကို အလုံ နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များက အဓိက တာဝန်ယူစီစဉ်ဆောင်ရွက်ပေးခဲ့ကြပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဦးခင်ညို၏ ဆွေမျိုး မိတ်ဆွေများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ရေဝေး သုဿန်တွင် ပထမဦးစွာ ဦးခင်ညို၏ ကိုယ်ရေး အကျဉ်း၊ နိုင်ငံရေး လှုပ်ရှားမှုတို့ကို ဖတ်ကြားပြီး နောက် အလုံမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီဝင်အဖြစ် ၎င်း၏ ကျန်းမာရေးက ခွင့်ပြုသည့်အချိန်ထိ လုပ်ဆောင်ခဲ့သည်ကို အသိအမှတ်ပြု ဖတ်ကြားခဲ့သည်။ ယင်းနောက် အလုံမြို့နယ် အန်အယ်လ်ဒီပါတီဝင်များက အန်အယ်လ်ဒီအလံကို ရှေ့မှ ကိုင်ဆောင်၍ နောက်ဆုံးခရီးကို ပို့ဆောင်ခဲ့ကြသည်။










Comments