DENKO not selling gas freely


DENKO ဓာတ်ဆီဆိုင် လွတ်လပ်စွာ ဆီရောင်းချခြင်း မရှိ
နှင်းမောင်(ဟင်္သာတ)၊ ဇူလိုင် ၂၄၊ ၂၀၁၂
DENKO  ပုဂ္ဂလိကဆီဆိုင်များတွင် အင်းစိန်လိုမြို့ နယ်တွေမှာ တစ်နေတစ်ဂါလံ ပဲရပါတယ်။ နောက်ပြီးတော့ နေ့ခင်း ၁၂း၀၀ နာရီ နောက်ပိုင်းမှာ ဆီတင် ဘောက်ဆာကားမလားသေး၍ ဆီမရသေးပါဟု စာများ ထောင်ထားပါတယ်။ ဗဟန်းမြို့နယ်မှာ တစ်နေ့ ၂ ဂါလံ နှုန်းဖြင့်
သုံးရက်စာ ထုတ်လို့ရနေသော်လည်း အခုလိုလုပ်လိုက်တဲ့ အတွက်ကြောင့်  မိမိစားဝတ်နေရေးအတွက် ကားဆွဲနေသောကားသမားများ၊  သက်ကြီးရွယ်အိုများ ၊ ပင်စင်စား လူကြီးများမှာ ဆီမရမချင်း နေ့တိုင်း လာပြီး တန်းစီနေရမလို ဖြစ်နေပါတယ်။ အထက်လူကြီးများသိအောင် တင်ပြလိုက်ပါတယ်။




Comments

Anonymous said…
အခြေအနေမှန်လား.................၊ ဒါမှမဟုတ် ..................... ပုတ်ခတ်သွေးထိုးနေတာလား၊
သတင်းထောက်များ စဉ်းစားပြီးတော့ မှရေးစေချင်ပါတယ်.....၊ ချင့်ချိန်ပြီးတော့မှ Web ပေါ်တင်စေချင်ပါတယ်။ အခုဟာက ခုတ်တာက သစ်ပင် ထိတာက မြေကြီးဖြစ်နေတယ် ........။ Denko ပါ အဲဒီလိုမျိုး ရေးတင်လိုက်တော့ တစ်ဖက်သက် ကြီးများ ဖြစ်မနေဘူးလား....။