အပ်ကြောင်းထပ်နေတဲ့ ... ကိစ္စ
ကမာပုလဲ
ဇူလိုင် ၂၈၊ ၂၀၁၂
ရိုးသားစွာ နိုးထလာတဲ့ ပန်းပွင့်ကလေး
အမေ့ နို့ပိန်ပိန်ကို ရှာလို့ မတွေ့တဲ့အခါ ...။
ညက
ဟင်းစား ရှာရင်း
ပိုးထိသွားတဲ့လူနာ ... ။
မငိုပါနဲ့ သမီးလေးရယ်
သမီး ငိုရင်
ကမ္ဘာကြီး ... သူကိုယ်တိုင်... ပြိုကျသွားလိမ့်မယ်။ ။
ကမာပုလဲ
ဇူလိုင်၊ ၂၀၁၂

Comments