Oakland Burmese Summer Camp


 ဥက္ကလံမြို့၊ ဓမ္မဧရိပ်ကျောင်း၊ ဗုဒ္ဓယဉ်ကျေးမှုအခြေပြုသင်တန်း ဒုတိယနှစ်ကျင်းပ
မိုးမခ ဓာတ်ပုံနဲ့ ရုပ်သံ၊ ဇူလိုင် ၂၆၊ ၂၀၁၂
ဆန်ဖရန်ဘေး   ဧရိယာ၊ မြန်မာပြည် နယ်စပ်ဒေသက တိုင်းရင်းသားများ၊ မြန်မာ့အရေးလှုပ်ရှားသူများ ပြောင်းရွှေ့အခြေချရာ မြို့တော်ဖြစ်တဲ့ ဥက္ကလံမြို့မှာ သာသနာပြုနေတဲ့ ဆရာတော် ဦးအရိယာစာရရဲ့  ကျောင်းတိုက်၊ ဓမ္မဧရိပ်ကျောင်းမှာ နွေရာသီ ကလေး လူငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေပြုသင်တန်းကို ဒုတိယနှစ်၊ ရက်သတ္တပတ်သင်တန်း အောင်မြင်စွာ ကျင်းပနေတာကို တွေ့ရပါတယ်။






တိုင်းရင်းသားကလေး လူငယ်များ၊ လူကြီး မိဘများက မြန်မာပြည်ရဲ့ ရိုးရာ၊ ယဉ်ကျေးမှုနဲ့ ဘာသာရေး ယဉ်ကျေးလိမ္မာအောင် ၀ိုင်းဝန်း ကြိုးပမ်း ပြုစုပျိုးထောင်နေကြတာကို ၀မ်းမြောက်ဖွယ် တွေ့ရပါတယ်။


အခြားဘေးဧရိယာ မြို့တော်နေ မြန်မာမိသားစုများထက် နှိုင်းယှဉ်ရင် အခက်အခဲ အကြပ်အတည်းများစွာကို ရင်ဆိုင်ပြီး သူတို့ရဲ့ အခြေချရာ ရပ်ရွာမှာ မိသားစု အခြေစိုက်ယုံတင်သာမကဘဲ အမျိုး၊ ဘာသာ၊ သာသနာအတွက်လည်း တာဝန်ကျေပွန်အောင် ကျိုးစားနေကြတဲ့ မြန်မာတိုင်းရင်းသားစုစည်းမှုကို တင်ပြလိုက်ပါတယ်။


Comments