Suu visit to US may include west cost cities


ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် အနောက်ခြမ်းမြို့တော်များပါဝင်ဟု ဆို
မိုးမခ၊ ဇူလိုင် ၃၀၊ ၂၀၁၂
လာမည် စက်တင်ဘာလအတွင်း အင်န်အယ်ဒီပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒီမိုကရေစီခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုအရှေ့ခြမ်း ၀ါရှင်တန်ဒီစီနှင့် နယူးယောက်မြို့တော်များက လွှတ်တော်များ၊ အဖွဲ့အစည်းများ၏ စီစဉ်ဖိတ်ကြားချက်အရ ဧည့်သည်တော်အဖြစ် လာရောက်ပြီး ဂုဏ်ပြုဆုချီးမြှင့်မှုများကို လက်ခံရယူမည် ဖြစ်သည်။
မူလအစီအစဉ်အရ အဆိုပါမြို့တော်ကြီး ၂ ခုအပြင် မြန်မာအရေးနိုးကြား လှုပ်ရှားသူများ နေထိုင်ရာ မြို့တော်ကြီးများဖြစ်သော အင်ဒီယာနာပြည်နယ် ဖို့ဝိန်းမြို့တော်သို့၎င်း၊ အမေရိကန်အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်က လော့စ်အိန်ဂျလိစ်နှင့် ဆန်ဖရန်စစ္စကိုမြို့တော်သို့၎င်း ၀င်ရောက်မည့် အလားအလာရှိသည်ဟု ဆိုသည်။
သို့ဖြစ်ပါ၍ ဒေသခံ မြန်မာမိသားစုများ၊ မြန်မာ့အရေး အားပေးဆောင်ရွက်သူများ၊ အဖွဲ့အစည်းများက ကွန်မြူနီတီတွေ့ဆုံပွဲများ ကြိုတင်ကျင်းပပြီး အများပြည်သူအားလုံး ကြိုဆိုနှုတ်ဆက် တွေ့ဆုံနိုင်သည့် အခမ်းအနားများ ဖြစ်မြောက်ရန် တိုင်ပင်ဆွေးနွေးနေကြသည်ဟု ကြားသိရသည်။
(Photo - ဒေါ်စု ပြင်သစ်ခရီးစဉ်က ဓာတ်ပုံ)

Comments