Waso Pwe held in Netherland's Metta Dhamma


နယ်သာလန်နိုင်ငံ မေတ္တာဓမ္မ ဝိဟာရကျောင်း ဝါဆို သင်္ကန်းကပ်လှူပွဲ
မိုးမခဓာတ်ပုံသတင်း၊ ဇူလိုင် ၃၀၊ ၂၀၁၂
ဇူလိုင် ၂၈ က နယ်သာလန်နိုင်ငံရှိ မေတ္တာဓမ္မဝိဟာရကျောင်းတွင် နယ်သာလန်ရောက် မြန်မာမိသားစုများစုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပွဲကိုကျင်းပကြသည်။ဝါဆိုသင်္ကန်းကပ်လှူပွဲသိုးဂျာမဏီနိုင်ငံ Frankfurt မြို့မှ ဆရာတော် ဦးကောဝိဒ နှင့်ဆရာတော် ဦးသုမန တို့လည်းကြွရောက်တော်မူကြသည်။


နံနက်ပိုင်းတွင် ဦးထွန်းအောင်+ဒေါ်အေးအေးသန့် -သမီးရှင်ရှုမဝအောင် မိသားစုက ကွက်တီယို တို့ဖြင့် ကြွရောက်လာသော ဧည့်ပရိသတ်တို့ကို လှူဒါန်သည်။ နေ့ ၁နာရီတွင် ကျောင်းတိုက်၏ ဆရာတော်ဦးဇဝနထံမှ ၅ပါးသီလခံယူကြသည်။ပရိသတ် တို့ကို ဝါဆိုသင်္ကန်ူးကပ်လှူရခြင်းနှင့် ကာလဒါန အကြောင်းကို ဟောကြားတော်မူပြီး ပရိသတ်တို့မှ ဝါဆိုသင်္ကန်း ကပ်လှူကြသည်။



 ထိုဝါဆိုသင်္ကန်းကပ်လှူပွဲသို့ မြန်မာမိသားစုများ မြန်မာ့အရေးစိတ်ဝင်စားသော နယ်သာလန်လူမျိုးများ ကြွရောက်ကြသည်။





Comments