Letter to Moemaka

သေနတ်နှင့်လက်ထိပ် အပြင်လူပေးကိုင်ခြင်းကိစ္စကို နေပြည်တော်အရာရှိကြီးများကိုတင်ပြခြင်း
ကိုနှင်းမောင် (ဟင်္သာတ)
သြဂုတ် ၃၁၊ ၂၀၁၂




ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတာမြို့ လယ်တီကွင်းချောင်းဖျားလေးတွင်နေထိုင်သည့် ကိုခင်မောင်မြင့်ဆိုသူသည် ဒိုင်ချုပ်ဟောင်းတဦး ဖြစ်ပြီး ယခုလက်ရှိ တရားမ၀င်လောင်စာဆီရောင်းချနေသော ဒေါ်စု (တရုတ်ကျောင်းလမ်း) မှာ သူနှင့် မောင်နှမတော်သည့်အတွက် မြို့ လယ်ခေါင်ကြီးတွင် တရားမ၀င်ဆီရောင်းချနေသည်ကို မည်သူမျှ တားဆီးခြင်းမပြုရဲကြပါ။

ဟင်္သတာခရိုင် ဒနမှ ရဲအုပ်မြင့်ခိုင်၊ ဒုရဲအုပ်ကျော်ကျော်ညွှန့်တို့၏ သတင်းပေး (အင်ဖော်မာ) လုပ်ကာ နေ့ချင်း ညချင်း ချမ်းသာလာသလို ရဲတပ်ဖွဲ့ဝင်များကိုလည်း အနိုင်ကျင့်ပြီး ၎င်းနှင့်တည့်သူများကို ရောင်းချစေ၊ မတည့်သူများအား ၁၅ (က) နှင့် ဖမ်းဆီးပြီး ထင်သလိုလုပ် နေပါသည်။ ထို့ပြင် လယ်တီကွင်းရပ်ကွက်နေ ကိုဇော်မိုး၏ အရက်ဆိုင်အား ဖမ်းဆီးစဉ်အခါကလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးနှင့် ရဲအရာရှိများအား ပြန်လွှတ်မပေးရင် ခင်ဗျားတို့စားထားတာတွေကိုတိုင်မယ်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့်အတွက် တရားခံအား ပြန်လွှတ်ပေးခဲ့ရပါတယ်။

ထိုထက်အဆိုးဆုံးမှာ အမှတ် (၁) မှ အမှတ် (၂) သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ် အောင်ရည်သွေး၊ ဟင်္သာတခရိုင် ဒနမှ မြောင်းမြသို့ခရိုင် ဒနသို့ ပြောင်းပြီးတာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်ကျော်ကျော်ညွှန့်တို့နှင့်ပေါင်းကာ ၎င်းတို့ဆီမှ ခြောက်လုံးပြူး သေနတ်နှင့် လက်ထိပ်များငှားကာ ခါးမှာထိုးပြီး KTV ၊ ပြည့်တန်ဆာခန်းများနှင့် အများပြည်သူရှေ့သွားလာနေသည်မှာ မြန်မာနိုင်ငံရဲချုပ် နှင့် ဟင်္သာတရဲတပ်ဖွဲ့အား စော်ကားသလိုဖြစ်နေပါသည်။

ထို့ပြင် ရဲသတင်းတပ်ဖွဲ့မှ နေလင်းစိုးနှင့် ပေါင်းပြီး သစ်ကုန်သည်များအား ငွေတောင်းခံနေသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။ သာရဝေါရွာမှ နွားကုန်သည်အဖွဲ့ကိုလည်း အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ်ဝင်းဇော်အား ကိုယ်တိုင်သတင်းပေးဖမ်းခိုင်းခဲ့ပြီး သူ့အား ငွေကြေးထောက်ပံ့ထား သည့် နွားကုန်သည် ဖိုးချို၊ လက်ပွား၊ သန်းဌေးတို့အပါအ၀င် ကျန်သည့် (၅) ဖွဲ့ကျတော့ ဖမ်းခိုင်းခြင်း မရှိခဲ့ပါဘူး။ ရဲတပ်ဖွဲ့၏သတင်းများကိုလည်း အသံဖမ်း၊ ဗွီဒီယိုရိုက်ပြီး အရာရှိ ကြီးငယ်ပေါင်းစုံတို့ဖြင့် ငွေညစ်နေမှုကိုသိလျှက် ခံနေကြပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲမှူး ဦးမြင့်ဆွေကိုတော့ မန္တလေးက အမျိုးသမီးကိစ္စဖြင့် ချည်နှောင်ထားသည့်အတွက် မလှုပ်နိုင်ပါ။ ခေါင်းဆေးကျွန်းမှာ အမှုတခုသွားဖမ်းတုန်းက လည်း ရဲတပ်ဖွဲ့ဝင် ၀န်ထမ်းတွေက သေနတ်ဖြင့် မချိန်ရဘူး၊ သူက ထုတ်ချိန်ပါတယ်။ ဗွီစီဒီအငှားဆိုင်များကိုလည်း လိုက်လံဖမ်းဆီးကာ ငွေ သား ၃ သိန်းတောင်းပြီး မပေးနိုင်လျှင် အဖမ်းခံနေရပါတယ်။ လတ်တလော အရေးယူခံထားရသည့် ဟင်္သာတမြို့၊ တာငါးဆယ်တောင် ရပ်ကွက် ကြေးကန်ကျောင်းနေ ဒေါ်တင်မာကြည်ကို စစ်ကြည့်ရင် သိနိုင်ပါတယ်။ လယ်တီကွင်း အုပ်ချုပ်ရေးမှူး ကိုကျော်ထူးကို စစ်ကြည့်ရင် လည်း သိနိုင်ပါတယ်။ သူနှင့်နီးစပ်သည့် တာလေးရပ်၊ သော်တာအေးရပ်ကွက်နေ ဒိုးဒိုး (အဖ - ဦးကြည်ဝင်း) ဆိုသူ စက်ဘီးတစီးနှင့် ညစ်ညမ်းခွေများ၊ ဆင်ဆာမဲ့ခွေများ ရောင်းချနေသည်ကျတော့ အဖမ်းအဆီးမခံရပါ။

ဒုရဲအုပ် အောင်ရည်သွေးကိုယ်တိုင် ရဲတပ်ဖွဲ့ဝင်လူကြီးများ၏သတင်းကို လယ်တိကွင်းတွင် ဖွင့်ထားသည့် ချမ်းသာ KTV (တရားမ၀င်) တွင် ကိုခင်မောင်မြင့်အား သတင်းပေးပြီး ၎င်းမှလည်း အသံသွင်းထားကာ လူကြီးများ၏အားနည်းချက်များကို မဆင်မခြင်ထုတ်ဖော်ပြောဆိုနေခြင်း မှာ တာဝန်ရှိပုဂ္ဂိုလ်များ သိက္ခာကျဆင်းစေရသည့်အတွက် တင်ပြအပ်ပါသည်။

Comments

Anonymous said…
အပေါ်က ဓာတ်ပုံကို သေချာချိန်ပြီး ရိုက်ရဲတာ ဟင်္သတ မှာ တယောက်ပဲရှိတယ်။
အဲဒါ SP က နေလင်းစိုး !!!!!!!!!!

ဟင်္သတခရိုင် အထူးသတင်းတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးတွေ ရှီနေတဲ့အချိန်အခါတုန်းက နိုင်ငံရေးပြသာနာမှအပ ကျန်တဲ့အမှုကြီး \ ငယ် အားလုံး နေလင်းစိုး ကိုအမှုပွဲစားလုပ်ခိုင်းလိုက်ရင်တရားခံတယောက် ထောင်ကျသွားမယ်ဆိုရင်တောင် ရဲစခန်းက အစ ထောင်ပိုင်အဆုံး ၀င်ထွက်ပေးလို့ အဆင်ပြေသွားကြတာအားလုံးအသိပါ။ ထောင်ကျအောင်လုပ် လိုက်နိုင်တာလည်း သူဘဲ .....
ထောင်ထဲမှာ အဆင်ပြေပြေနေနိုင်အောင်ဝင်
ထွက်ပေးတာလည်း သူဘဲ ..................
အခု ဒီမိုကရေစီ ခေတ်မှာလည်း ဥပဒေဘောင်ထဲက ဘယ်လုပ်ငန်းရှင်ဘဲဖြစ်ဖြစ် ၊ ဥပဒေ ပြင်ပကိုတချို့တ၀က်ရောက်နေတဲ့ လုပ်ငန်းရှင်ဘဲဖြစ်ဖြစ် နေလင်းစိုး ကို ပိုက်ဆံပေးပြီး မပတ်သတ်ချင်ဘဲ ပတ်သတ်နေရတာ အားလုံးအသိပါ။ ( မှောင်ခိုသစ်သမားတွေ ၊ ဖဲဝိုင်းအကြီးကြီး ၀ါသနာအရလုပ်တဲ့သူတွေ ၊ အမဲသားနယ်ကျော်ခိုးသယ်တဲ့ကုလားတွေ ၊ နွားမှောင်ခို နယ်ကျော်ပို့တဲ့သူတွေ ၊ KTV သမားတွေ အစ ရှိသဖြင့် )
လုပ်ငန်းသမားတွေအားလုံးက အခုအချိန်မှာလည်း
နေလင်းစိုး ဆီကသတင်းဦးရပြီး ရှောင်ရန် ဆောင်ရန်
သိထားဖို့အတွက် မပတ်သတ်ချင်ဘဲ ပိုက်ဆံပေးပြီး ပတ်သတ်နေရတယ် ။ ထူးခြားတာက သူအကာအကွယ်
ပေးထားတဲ့သူတွေ ဥပဒေအရ ငြိစွန်းမှုရှိလို့ ရတဲ့သတင်းနဲ့ ဘယ်လူကြီးကအရေးယူမလဲ ။
အဲဒီလူကြီးကိုသူတတ်ထားတဲ့ သတင်းနည်းပညာနဲ့
(ဥပမာ ၊ ၊ အင်တာနက် ) ဖြင့် မမှန်ကန်သော သတင်းတွေနဲ့ တုန့်ပြန်ဝေဖန်မှုတွေ ပြုလုပ်နေတယ်
ဆိုတာ ဟင်္သတမြို့ က ပြသာနာတွေကို အစ အလယ်
အဆုံး အသေချာစဉ်းစားကြရင် သိလာမှာပါ။ ဟင်္သတမှာ
တာဝန်ကျတဲ့ ရဲတပ်ဖွဲ့လူကြီးတွေ ပုခုံးပေါ်ဘယ်လိုရာထူး
ရှိရှိ လူကြားထဲလည်း တစ်ရစ် အဆင့်ရှိတဲ့နေလင်းစိုးက ခင်ဗျား နဲ့ ကျုပ် သုံးနှုန်းပြနေတော့ နိုင်ငံတော်အစိုးရက သူ့ကို ဘာအာဏာများ ပေးထားလဲ ဆိုပြီး ပတ်ဝန်းကျင်က လူတွေက စဉ်းစားစရာဖြစ်နေတာကြာပါပြီ။
မကြာခင်ကလည်း ကုလားတွေနဲ့ ဗမာ တွေပြသာနာဖြစ်အောင် အင်တာနက်ကနေ သူ့လူတွေ
ကို မဟုတ်တာတွေရော ဟုတ်တာတွေရော ရေးပြီး သွေးထိုးလှုံ့ဆော်ခိုင်းတယ် ။ တဖက်က ကုလားတွေကို
ကျတော့ မီးစတဖက် ရေမှုတ်တဖက် နဲ့ ကယ်တင်ရှင်လို
လုပ်ပြီး Power ယူတယ် ။ ပြသာနာတွေ အားလုံးကို ချုံပြီး သုံးသပ်ကြည့်ရင် နေလင်းစိုး ဟာ အစိုးရက သင်
ပေးထားတဲ့ သတင်းပညာကိုသူ့ရာဇ၀င်မှာ ငွေကြေးရှာဖွေတဲ့ နေရာမှာ သုံးနေတယ်ဆိုတာ အားလုံး
သိပါတယ်။ အထူးသတင်းတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်ဘယ်သူဆိုတာ သိတဲ့သူနည်းပါတယ်။
လက်မောင်းမှာ တစ်ရစ်အဆင့် ရှိတဲ့ နေလင်းစိုး ကတော့
ြီကီးကျယ်ခမ်းနားပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အိမ်နဲ့ခြံဝင်းကြီး ပိုင်ဆိုင်ပြီး သဌေးကြီးတယောက်ဖြစ်နေ
ပါပြီ။ လိုင်စင်မဲ့ကား ကိုလည်း ရဲတံဆိပ်ကပ်ပြီးလည်း စီး
ုရဲတယ်။ လိုင်စင်မဲ့ ဆိုင်ကယ်ကိုလည်း စီးရဲတယ်။ ဘယ်သူမှလည်း မဖမ်းရဲကြဘူး။ ဖမ်းရင် သူ့သတင်းနည်းပညာနဲ့ တုန့်ပြန်ဝေဖန်မှု ဒဏ်တွေကို အင်တာနက်ကနေတဆင့် ခံကြရမှာပါ။ ဟင်္သတ က
အင်တာနက်ဆိုင်တွေ ၊ ကြေးစားလူမိုက်တွေ အားလုံးက
လည်း သူ့လူတွေချည်းပါဘဲ။ အဲဒီတော့ ဟင်္သတ ခရိုင်
မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဘယ်လိုအကြီးအကဲဘဲ
ဖြစ်ဖြစ် ၊ ဘယ်လိုလုပ်ငန်းရှင်တွေဘဲ ဖြစ်ဖြစ် နေလင်းစိုး
ကိုပိုက်ဆံမပေးဘဲ ၊ အသိမပေးဘဲလုပ်တဲ့ လုပ်ရပ် ဥပဒေဘောင်ထဲက ဘယ်လောက်ဘဲမှန်မှန် အစိုးရ ကသင်ပေးထားတဲ့ ပညာကို အလွဲသုံးစားလုပ်ပြီး
အင်တာနက်ကနေ သတင်းနည်းပညာနဲ့ မီးရှို့ခံကြရ
မှာပါဆိုတာ အားလုံးသိသင့်တဲ့အချိန်ရောက်ပါပြီ။

ဧရာဝတီတိုင်းမှာ SP က နေလင်းစိုး မရှိရင် ဌာနဆိုင်ရာနှင့် ပြည်သူတွေအကြား ငြိမ်းချမ်းမှု ကိုယ်စီ
ရကြပြီး ဟင်္သတမြို့ရဲ့ သတင်းတွေ လှပသွားမှာပါဆိုတာ
တိုင်းဒေသကြီး အစိုးရအဖွဲ့က လူကြီးတွေ သိစေချင်ပါတယ် ....