Maung Sein Win Padegone in South Korea



စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) သြဂုတ် ၁၉ တောင်ကိုရီးယားစာပေဟောပြောမည်
ဇော်မိုးအောင်၊ သြဂုတ် ၁၄၊ ၂၀၁၂
          သြဂုတ်လ ၁၀ ရက် သောကြာနေ့ က မြန်မာနိုင်ငံမှ  ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ကို ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံတော် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  ရောက်ရှိလာစဉ်။

ဆရာ မောင်စိန်ဝင်းအား ကိုရီးယား ကဗျာဆရာများအဖွဲ့ က သြဂုတ် ၁၁ ရက်နှင့် ၁၂ရက်မှာ ကျင်းပမယ့် မာန်ဟဲ နှစ်ပတ်လည် စာပေဟောပြောပွဲသို့ တက်ရာက် ဟောပြောရန် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ မာန်ဟဲ ဆရာတော်ဟာ ကိုရီးယား နိုင်ငံ လွတ်မြောက်ရေးအတွက် အသက်စွန့် ခဲ့သူ၊ အချစ်ကဗျာများနှင့် အခြားကဗျာများကို ရေးဖွဲ့ ခဲ့သော ထင်ရှားသော သူရဲကောင်း ဆရာတော် တပါးဖြစ်ပါတယ်။
လာမယ့် သြဂုတ်လ ၁၉ ရက် တနင်္ဂနွေနေ့ နေ့လည် ၁ နာရီအချိန်မှာ ပူချွန်းနိုင်ငံခြားသား ရိပ်သာ မြန်မာအသင်း (ကိုရီးယား) ခန်းမဆောင်ကြီး၌ ထာဝရ ကဗျာ စာပေကဗျာ ဟောပြောပွဲကို ကျင်းပသွားမယ်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Comments