ငါး ကျား ခွေး နွား ခြင်္သေ့ လူ
နိုင်ဦးညို (ဖိုးဇီးရိုး)
သြဂုတ် ၃၀၊ ၂၀၁၂

ငါး
ငါးဆိုတာ ငါးပီပီ
ရေထဲမှာဘဲနေတယ်
ကုန်းပေါ်မှာ အစာရှာမစားဘူး ...။
ကျား
ကျားဆိုတာ ကျားပီပီ
အသားဘဲစားတယ်
အသီးရွက် မစားဘူး
သက်သတ်မလွတ်ဘူး ...။
ခွေး
ခွေးဆိုတာ ခွေးပီပီ
အမြီးနှန့်မယ် လူရိပ်မြင်ရင်ဟောင်တယ်
ခြံစည်းရိုးနား လူစိမ်းအကပ်မခံဘူး ...။
နွား
နွားဆိုတာ နွားပီပီ
မြက်ဘဲစားတတ်တယ်
အမိန့်ပေး ခိုင်းတာလုပ်တယ်
သခင်ကိုတော့ဘယ်တော့မှ အာမခံဘူး ...။
ခြင်္သေ့ဆိုတာ ခြသေ့င်္ပီပီ
တကောင်ထဲဘဲဘုရင်လုပ်မယ်
ဂူတဂူထဲ နှစ်ကောင်မအောင်းဘူး ....။
ငါးလည်း ငါးအလျှောက်
ကျားလည်း ကျားအလျှောက်
ခွေး နွား ခြင်္သေ့လည်း
ခွေး နွား ခြင်္သေ့ အလျှောက်
ကိစ္စမများဘူး ...။
ကျုပ်တို့လူက
ငါး ကျား ခွေး နွား ခြင်္သေ့
ငါးလိုမဟုတ် ကုန်းတဝက်
ကျားလိုမဟုတ် အသီးတဝက်
လူစိမ်းမှပိုခင် သခင်ကိုအာခံချင်
ခြင်္သေ့စိမ်းတွေလို
တစ်ကောင်ဆင်း တစ်ကောင်တက်နဲ့
တဝုန်းဝုန်းတရုန်းရုန်းနဲ့
ဝရုန်းသုံးကား
ပျင်းပျင်းရှိ ကျားဆရာ
အကွက်ရွှေ့ချက်မှာ
ကားခနဲ ... ကားခနဲ
အား ... လို့တောင်မအော်နိုင်ဘဲ
ကားလျှား ခွေကျ
သြော် … လူ … လူ
နေပြည်တော်ကလူ …..။
သြဂုတ် ၃၀၊ ၂၀၁၂

ငါး
ငါးဆိုတာ ငါးပီပီ
ရေထဲမှာဘဲနေတယ်
ကုန်းပေါ်မှာ အစာရှာမစားဘူး ...။
ကျား
ကျားဆိုတာ ကျားပီပီ
အသားဘဲစားတယ်
အသီးရွက် မစားဘူး
သက်သတ်မလွတ်ဘူး ...။
ခွေး
ခွေးဆိုတာ ခွေးပီပီ
အမြီးနှန့်မယ် လူရိပ်မြင်ရင်ဟောင်တယ်
ခြံစည်းရိုးနား လူစိမ်းအကပ်မခံဘူး ...။
နွား
နွားဆိုတာ နွားပီပီ
မြက်ဘဲစားတတ်တယ်
အမိန့်ပေး ခိုင်းတာလုပ်တယ်
သခင်ကိုတော့ဘယ်တော့မှ အာမခံဘူး ...။
ခြင်္သေ့ဆိုတာ ခြသေ့င်္ပီပီ
တကောင်ထဲဘဲဘုရင်လုပ်မယ်
ဂူတဂူထဲ နှစ်ကောင်မအောင်းဘူး ....။
ငါးလည်း ငါးအလျှောက်
ကျားလည်း ကျားအလျှောက်
ခွေး နွား ခြင်္သေ့လည်း
ခွေး နွား ခြင်္သေ့ အလျှောက်
ကိစ္စမများဘူး ...။
ကျုပ်တို့လူက
ငါး ကျား ခွေး နွား ခြင်္သေ့
ငါးလိုမဟုတ် ကုန်းတဝက်
ကျားလိုမဟုတ် အသီးတဝက်
လူစိမ်းမှပိုခင် သခင်ကိုအာခံချင်
ခြင်္သေ့စိမ်းတွေလို
တစ်ကောင်ဆင်း တစ်ကောင်တက်နဲ့
တဝုန်းဝုန်းတရုန်းရုန်းနဲ့
ဝရုန်းသုံးကား
ပျင်းပျင်းရှိ ကျားဆရာ
အကွက်ရွှေ့ချက်မှာ
ကားခနဲ ... ကားခနဲ
အား ... လို့တောင်မအော်နိုင်ဘဲ
ကားလျှား ခွေကျ
သြော် … လူ … လူ
နေပြည်တော်ကလူ …..။
Comments