Naing Oo Nyo (Po Zero) - Optimist Burma


အကောင်းမြင်
 နိုင်ဦးညို(ဖိုးဇီးရိုး) ၊ သြဂုတ် ၂၆၊ ၂၀၁၂

ကျုပ်တို့ကို တချို့သော
နိုင်ငံခြားသား လူကြီးမင်းများက
ပြောပြီးရင်း ပြောနေကြပြီ
သူတို့က မြန်မာပြည်ကိုချစ်
မြန်မာမလေးတွေကိုချစ်
အမယ် ပုဂံကိုလည်း
ချစ်ပါသတဲ့ဗျ ၊

ဒီခုနှစ် နှစ်ထောင့်ဆယ့်နှစ်မှာ
မြန်မာပြည် လေဆိပ်ဝရောက်
အရင်လို မဟုတ်တော့ဘူးတဲ့
ဒေါ်လာတွေလည်း လဲချင်ရင်
နေရာတကာ လဲလို့ရပြီတဲ့
တက္ကစီကားသမားတွေလည်း
လွတ်လပ်စွာပြောနေကြပြီကော
ရပ်ကွက်ထဲက ခလေးတွေတောင်မှ
ဆယ်လူလာဖုန်း တကိုင်ကိုင်နဲ့
လူကြီးမင်းခေါ်ဆိုသောဖုန်း
ဟာသလုပ် ပြောကုန်ကြပြီ
သနပ်ခါး ပါးကွက်ကြားနဲ့များ
အလုပ်တောင်ရှာရခက်အောင်
အံ့မခန်း ခေတ်မီနေပုံလေ ၊

သြော် … သူတို့အဆိုများ
ကျုပ်တို့ရဲ့ဗမာပြည်က
အရှင်လတ်လတ်နဲ့ ဒီမိုကရေစီရ
လုပ်ချင်ရာရ လိုချင်ရာရ
ဗိုလ်ချုပ်မှူးကြီးတောင်မှ
သမာအာဇီဝနဲ့ ရှာခဲ့သမျှ
အလှူငွေတွေ လှူနေပြီဆိုဘဲ
တို့သမ္မတကြီးကလည်း
ဘောင်းဘီဝတ်နဲ့တုန်းက
နာမည်ပျက် (နည်း)ခဲ့တယ်ဆိုပါဘဲ
အစဉ်ပြေရင် လာမယ့်နိုလ်ဗယ်ဆုသစ်
ပူးတွဲချန်ပီယန် ဖြစ်နိုင်တယ်တဲ့
ဘာမှမလုပ်ရသေးတဲ့ အမေရိကန်က
သမ္မတအသစ်စက်စက်ကိုတောင်
အလုပ်တွေလုပ်ခိုင်းဖို့ ပေးခဲ့တဲ့ဆု ၊

ဒီဆုများ ဒို့ဗမာလူမျိုးတွေကို
ထပ်ပေးမယ်ဆိုရင် သမ္မတကြီးရေ …
ပြောလိုက်စမ်းပါ … … … … … … … … ….
ပျင်းတောင် ပျင်းသေးတယ်လေ ။

photo credit - http://beyondjems.wordpress.com/2008/07/23/natural-abstract-art/ 

Comments