U Thumingalar Dhamma Talk held in Daly City



ဆရာတော် ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်) တရားပွဲ ဒေလီစီးတီးတွင် ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ ကျော်နိုင်၊ သြဂုတ် ၃၁၊ ၂၀၁၂
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ၀ါခေါင်လဆန်း(၁၂)ရက်။ ၂၀၁၂ ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့ တွင် ဆန်ဖရန်စစ္စကို ဗေးဧရိယာ ဒေလီစီးတီးမြို့ တွင် ဆရာတော် ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲကို ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် အခြေစိုက်သော ထေရ၀ါဓမ္မအသင်းကြီးမှ ကမကထပြု၍ ည(၇း၀၀)နာရီမှ (၁၀း၀၀)နာရီအထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ပါသည်။ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အား အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံပါသည်။
 ဆရာတော်ကြွလာစဉ် ဆရာတော်ဘုရားအား တရားနာပရိတ်သတ်မှ မေတ္တာပို့ သကြပါသည်။ ဆရာတော်မှ ထေရ၀ါဒဓမ္မအသင်းကြီး၏ စည်းလုံးညီညွတ်မှု၊ ဖွံဖြိုးတိုးတက်မှုကို ကိုးကား၍ သာမဂါမသုတ် တရားတော်ကို ဟောကြားတော်မူပါသည်။ ဆရာတော်မှ တရားဟောကြားပြီးနောက် (၁၅)မိနစ်ခန့်  တရားနာပရိတ်သတ်အား တရားထိုင်စေပါသည်။ ထိုနောက် တရားနာပရိတ်သတ်မှ ကောက်ခံရရှိသော လှူဘွယ်ပစ္စည်းများကို ဆရာတော်အား ဆက်ကပ်လှူဒါန်းကြပါသည်။ 



တရားပွဲမသိမ်းမှီ ဆရာတော်မှ ပရိတ်သတ်ကို ဦးဆောင်၍ အန္တရာယ်ကင်းသစ္စာကို တိုင်တည်ပြီး (၃၁)ဘုံသို့ မေတ္တာပို့ သကြပါသည်။ ဆရာတော်ပြန်လည်ကြွစဉ် ပရိတ်သတ်မှ ဆရာတော်အား မေတ္တပို့ သပြီး တရားပွဲကို ရုတ်သိမ်းကြပါသည်။

Comments