Naing Oo Nyo (Phoe Zero) - Poem

လေ လူ လက်နက် စစ်
နိုင်ဦးညို (ဖိုးဇီးရိုး)
စက်တင်ဘာ ၂၄၊ ၂၀၁၂


 
လေ
လေအားတွေ
လျော့ဖို့တော့လိုပြီ ...။

လူ
လူဦးရေ ထိမ်းချုပ်ဖို့
ကြိုးစားကြပေမယ့် ... မရ
သန်း ခြောက် ထောင်

လက်နက်
လက်နက်တွေ  စွန့်လွတ်ဖို့
ကြိုးစားကြပေမယ့် … မရ
သန်း ခြောက် သောင်း

စစ်
စစ်ပွဲတွေ ရပ်တန့်ဖို့
ကြိုးစားကြပေမယ့်  … မရ
သန်း ခြောက် သိန်း

လူ လက်နက် စစ်
လေအားတွေ
လုံးထွေးရစ်ပတ်
ဤကမ္ဘာမြေ
နှစ် သန်း ခြောက် သန်း
ရှည်ပါစေသား ....။    ။

မှတ်ချက် - လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ရေးထားခဲ့တာဖြစ်ပါတယ်။

Comments