Kae Nay Muu - Poem

စစ်သားစိတ်ဓာတ်
ကဲနေမူး
စက်တင်ဘာ ၁၁၊ ၂၀၁၂




ငယ်ငယ်က
ကျနော်ဆေးလိပ်သောက်တော့
အဖေကတားတယ် ... မကောင်းဘူးတဲ့
ဆေးလိပ်သောက်ဘူးတာကိုး ...။

၈၈ မှာ ကျနော်တောခိုတော့
အဖေက မကောင်းဘူးသား မတားခဲ့နိုင်ရှာ ..
သူမှ တောမခိုဘူးတာကိုး ...။

အနှစ် ၂၀ ကျော် အိမ်ပြန်ချင်သော
ကူညီလို့ရတယ်နော်
မာယာရှင်စစ်သား မဲ့မသွားအောင် သတိဆောင်ကာ
အဖေ့ခမျာ ရေငုံ နှုတ်ပိတ် ပြန်မပြောနိုင်ရှာဘူး
သူမှ စစ်မတိုက်ဘူးတာကိုး ...။

သြော် ... အဖေရယ်
ဆေးလိပ်အန္တရာ်၊ တောခို ခြင်ကိုက်
စစ်တိုက်တဲ့အခါ စစ်မြေပြင်ကမ္ဘာ
စစ်သားစိတ်မှာ
အရင်ပစ်မလား အပစ်ခံမလား နှစ်ခုပဲစဉ်းစား
ကျနော် ပြန်သင့်သလား ...။

Comments