Naing Oo Nyo (Phoe Zero) - Poem

ဖန်တီးမှုများ
နိုင်ဦးညို (ဖိုးဇီးရိုး)
စက်တင်ဘာ ၄၊ ၂၀၁၂



ကမ္ဘာဦးစကတဲက
အဖန်တရာတေ ဖန်တီးခဲ့ကြတာဘဲ
ဖန်ဆင်းရှင်ဘုရားသခင်တွေကလည်း
စကြာဝဠာတခုလုံးမှာ ဖန်ဆင်းထားတာနဲ့ ပြည့်နေတာဘဲ
ဘုရားက မြေကိုဖန်ဆင်းတယ်
ဘုရားက ရေကိုဖန်ဆင်းတယ်
ဘုရားက လေကိုဖန်ဆင်းတယ်
ဘုရားက လူကိုဖန်ဆင်းတယ်

လူက လူကိုဖန်တီးတယ်
လူက စက်ကိုဖန်တီးတယ်
လူက ကားကိုဖန်တီးတယ်
မီးရထား
လေယာဉ်
တယ်လီဖုန်း
ကွန်ပြူတာ
ဒုတ်
ဒါး
လေး
မျှား
သေနတ်
အမြောက်
…….. ဖန်တီးတယ်
…….. ဖန်တီးတယ်
…….. ဖန်တီးတယ်

မဖန်တီးနိုင်တာက
ကမ္ဘာဦးကစ
ယခုပစ္စုပန်
အနာဂတ်ထိ

ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ....။

Comments