ရှစ်လေးလုံး ကွယ်လွန်ခြင်း (၈ ရက်၊ သြဂုတ်လ၊ ၂၀၂၀ ခုနှစ်)
နိုင်ဦးညို (ဖိုးဇီးရိုး)
စက်တင်ဘာ ၉၊ ၂၀၁၂

Design - Ko Myoe
ဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း
ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲခြင်း
မိသားစုနှင့်အတူ ထပ်မျှကြေကွဲခြင်း
သူငယ်ချင်း မင်းသွားနှင့်တော့ ငါတို့လိုက်ခဲ့မယ်
ကမ္ဘာတဝှမ်းမှ ရှစ်လေးလုံး ကွယ်လွန်ခြင်းအတွက်
ပေးပို့ခဲ့ကြတဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲခြင်း သဝဏ်လွှာများကို
ကြေကွဲခြင်းများစွာဖြင့် ရှစ်လေးလုံးမိသားစုမှ ကျေးဇူးတင်ရှိကြောင်း ပြန်ကြားအပ်ပါတယ် ...။
ရှစ်လေးလုံး နာမကျန်းဖြစ်နေစဉ် ၂၀၁၀ ခုနှစ်မှ ယခု ၂၀၂၀ ခုနှစ်ထိ
အထူး ဂရုစိုက်ကြပ်မတ်ကုသပေးခဲ့သော နှလုံးရောဂါကုအထူးကုဌာန (ရှစ်လေးလုံး ပြန်လည်ထမြောက်ရှင်သန်ရေးအဖွဲ့ချုပ်) အား
အထူးကျေးဇူးတင်ရှိပါကြောင်း ……………………………………………………………………………………………….
မောင်ရှစ်လေးလုံးသည် ၁၉၈၈ ခုနှစ်
သူ ငယ်ရွယ်နုပျိုစအရွယ်မှစ၍
ယခင်ဘဝ ရှေးကုသိုလ်ကံ အဆက်ဆက်ကြောင့်
သူ၏ ယခုဘဝတွင် အမျိုးမျိုးသော
လှိုင်းတံပိုးဒဏ်များကို
အသက်အရွယ်နှင့် မလိုက်အောင်
အထုအထောင်း အနှိပ်စက်ဒဏ်များစွာတို့ကို
ကိုယ်စွမ်းရှိသ၍ ဉာဏ်စွမ်းရှိသ၍
ခုခံကာကွယ်ခဲ့ပါသော်လည်း
သူ၏ ကိုယ်ခန္ဓာ
ကလပ်စည်းအတွင်းမှ
သက်ဆိုင်ရာ တာဝန်ကျနေရာများမှ
တာဝန်ခံနိုင်မှု တာဝန်ယူနိုင်မှုများ
တစတစ ချို့ယွင်းလာပါသောကြောင့်
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ဆန်းပိုင်းမှစတင်၍
သူ၏ ကိုယ်အစိတ်ပိုင်းအသီးသီး၌
သွေးလေများ ပြန်လည်ဖောက်ပြားလာပါ၍
မြန်မာဗုဒ္ဒဘာသာ ဗိန္နောဆရာမျိုးစုံ
ဒေသအသီးသီးမှ တိုင်းရင်းဆေးဆရာမျိုးစုံ
အပြည်ပြည်ဆိုင်ရာမှ အထူးကုဘွဲ့တံဆိပ်မျိုးစုံ
ရရှိလာသူများနှင့်
အထူးကြပ်မတ် ကုသခဲ့ပါသော်လည်း
ဝမ်းနည်းစရာကောင်းလောက်အောင်ပင်
ကုသ၍မရဘဲ
ကောင်းချည်တလှည့် ဆိုးချည်တလှည့်ဖြင့်
ဝေဒနာများကို ကြိတ်မှိတ်ခံစားလာခဲ့ရပြီး
၂၀၁၂ ၌ တကြိမ် ....
၂၀၁၅ ၌ တကြိမ် ....
ဝေဒနာများကို အပြင်းအထန်ခံစားခဲ့ရပြီး
ယခု ၂၀၂၀ ခုနှစ် ဆန်းပိုင်းမှစပြီး
ဝေဒနာများကို အလူးအလဲ ပြန်လည်၍
ခံစားခဲ့ရပြီးနောက် သူချစ်ခင်ရပါသော
သူ၏ တိုင်းပြည် သူ၏လူမျိုး
သူ၏နိုင်ငံတော်
သူ၏ ဆွေမျိုးမိတ်သင်္ဂဟ
သူငယ်ချင်း အပေါင်းအသင်း
လက်တွဲဖော်တွဲဖက်များကို
အပြီးတိုင်စွန့်ခွာသွားပြီ ဖြစ်ပါကြောင်း ………
ဝမ်းနည်းစွာဖြင့် ကြေငြာအပ်ပါသည်ခင်ဗျား ....။

Comments