Ashin U Wiriya (Dhamm Beri Sayadaw) - Honoring Daw Suu and her USA trip


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွက်
ဂုဏ်ပြုစကား
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ အောက်တိုဘာ ၁၊ ၂၀၁၂
            အရင်ကတော့ ဒေါ်စုရဲ့အခြေအနေနဲ့ ဇွဲသတ္တိကို “ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ” ဆိုတဲ့ ဆရာကြီးဇော်ဂျီရဲ့ကဗျာနဲ့ တင်စားဂုဏ်ပြုခဲ့ကြပါတယ်။
            ဒီနေ့အခြေအနေမှာတော့ ပြည်တွင်းပြည်ပ ဒေါ်စုရဲ့ခရီးစဉ်တွေမှာ ပြည်သူ အားလုံးက တခဲနက် တက်တက်ကြွကြွ ပူပေါင်း ပါဝင်ကြိုဆိုကြတာကို ကြည့်လိုက်မယ် ဆိုရင် ဒေါ်စုဆိုတာ ဗေဒါပင်လေးတပင် မဟုတ်တော့ပါဘူး၊  မြန်မာ့ကောင်းကင်မှာသာမက ကမ္ဘာကောင်းကင်မှာပါ ထိန်လင်းသွားလောက်အောင် ကြယ်အပေါင်း ခြံရံထားတဲ့ လပြည့်ဝန်းကြီးလို့တောင် ဆိုနိုင်လောက်ပါတယ်။
         မြန်မာ့ကောင်းကင်ပြင်မှာ အုံ့ဆိုင်းမှုံမှိုင်းနေတဲ့ လောဘ၊ ဒေါသ၊ မာန်မာန မြူအညစ်အကြေးတို့ကို ဖြိုခွင်းပြီး ထာဝရ လင်းထိန် အေးမြစေနိုင်ပါစေ။ 

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ခေတ္တ LA (USA)
အောက်တိုဘာ ၁၊ ၂၀၁၂

Comments

myatthan said…
not only the world but also universe.