Books by Ashin Wirathu to launched in Rangoon



အရှင်ဝီရသူ၏ စာအုပ်မိတ်ဆက်ပွဲ ကျင်းပမည်
မိုးမခမိတ်ဆွေ (မန္တလေး) အောက်တိုဘာ ၂၂၊ ၂၀၁၂
          မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသာဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- ဝီရသူ(မစိုးရိမ်) ရေးသားသော “နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ” စာအုပ်မိတ်ဆက်ပွဲကို ၁၃၇၄-ခု သီတင်းကျွတ်လပြည့် (၃၀-၁၀-၂၀၁၂)အင်္ဂါနေ့၌ ကန်တော်ကြီး ပြည်ကြီးမွန်ဖောင်တော်မှာ ကျင်းပမှာဖြစ်သည်။
          အဆိုပါ စာအုပ်သည် အရှင်ဝီရသူ အိုးဘိုထောင်မှာ နေရစဉ် ၂၀၀၉-နှစ်က ရေးခဲ့သော ပေးစာ(၅)စောင်ကို စုစည်းထားသည့် စာအုပ်ဖြစ်ပြီး၊ ဂျွန်ယက်တော ကိစ္စဖြင့် တရားရင်ဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ထံ အိပ်ဖွင့်ပေးစာ ပုံစံဖြင့် ရေးသားထားသော အားပေးစကားများလည်း ဖြစ်သည်။
          
အဆိုပါ စာအုပ်သည် စာပေစိစစ်ရေးဌာန မဖျက်သိမ်းခင် ကတည်းကပင် စာမူခွင့်ပြုချက်ရရှိထားသော စာအုပ်ဖြစ်ပြီး ရန်ကုန်မြို့တွင် ပဉ္စဂံစာအုပ်တိုက်၊ မန္တလေးမြို့တွင် ထွန်းဦးစာပေတို့မှ ဖြန့်ချီနေပြီဖြစ်သည်။
          အဆိုပါ စာအုပ်နှင့်အတူ “မဲဇာလွန်တောရ” ကလောင်အမည်ဖြင့် ရေးသားထားသော တရားသုံးပုဒ်စုစည်းမှု “သေနေ့မင်္ဂလာတရားတော်” စာအုပ်ကိုလည်း တစ်ပါတည်း မိတ်ဆက်ပေးမည် ဖြစ်သည်။
          “သေနေ့မင်္ဂလာ”တရားစာအုပ်ကို မြစ်ကြီးနားထောင်မှာ နေစဉ်ရေးသားခဲ့ခြင်း ဖြစ်ပြီး စာမူ ခွင့်ပြုချက်လည်း ရရှိထားကာ တရားပွဲများတွင် ဖြန့်ချီခဲ့ပြီးသော စာအုပ်လည်းဖြစ်သည်။ ဝိပဿနာ ယောဂီများ၊ တရားဓမ္မလိုက်စားသူများ အထူးနှစ်ခြိုက်သည့် စာအုပ်ဖြစ်ပြီး၊ ဘာသာတရားမခွဲခြားဘဲ သေခြင်းနှင့်မကင်းသည့် လူသားတိုင်းဖတ်ရှုသင့်သော စာအုပ်ဖြစ်ကြောင်း သိရပါသည်။ 

Comments