Duplicate Realism - Naing Oo Nyo (Po Zero)


( ဖြစ်ရပ်မှန် ကော်ပီ )
 နိုင်ဦးညို (ဖိုးဇီးရိုး)၊ အောက်တိုဘာ ၁၈၊ ၂၀၁၂

(ကာကွယ်ရေး)
ရပ်ကွက်အတွင်းရှိ
လုပ်သားပြည်သူအပေါင်းတို့ ခင်ဗျား၊

(ငြိမ်းချမ်းရေး)
လောက၌ … ရှိသော
များလူခပ်သိမ်း ငြိမ်းချမ်းကြပါစေ၊

(ကျန်းမာရေး)
ဆရာမ
သားသား ဗိုက်ထဲက
အောင့်အောင့်နေတယ်၊

(ဆက်သွယ်ရေး)
လူကြီးမင်း
ခေါ်ဆိုနေသော တယ်လီဖုန်းသည်၊

(ပညာရေး)
ဒို့ကျောင်းရဲ့ ဂုဏ်ကိုကွယ်
ထိမ်းသိမ်းကြရမယ်၊

(အားကစား)
မြန်မာ့ အားကစား
ကမ္ဘာကို လွှမ်းရမည်၊

(အလုပ်)
တိုင်းသူပြည်သား
လူအများတို့လေး  ဒူ ……….. ၊

(အမိန့်)
ဥပဒေကဲ့သို့
အာဏာတည်သော၊

(အတိုက်အခံ)
မတရားတဲ့ အမိန့်အာဏာဟူသမျှ
တာဝန်အရ ဖီဆန်ကြ၊

(နိုင်ငံရေး)
ဒို့အရေး
ဒို့အရေး ဒို့အရေး၊

(ပြန်ကြားရေး)
ဤတွင်သတင်းများကို
ကြေညာလို့ ပြီးပါပြီရှင်၊

(စကားချပ်)
ဤတွင်
(မပြီးချင်ဘဲ) ပြီးရပါပြီ၊   ။     

၁၂၁၀၂၀၁၂

Comments