ဒါနရှင်တို့ ပေါင်းကူရာနှင့် တကယ်ရောက်ခဲ့သူများ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
အောက်တိုဘာ ၁၄၊ ၂၀၁၂
● ဒါနရှင်တို့၏ ပေါင်းကူးရာ
၁၁.၁ဝ.၂ဝ၁၂ ရက်နေ့ နေ့လည် (၂း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ တာဝန်ရှိသူများသည် သင်္ဃန်းကျန်းမြို့နယ် စံပြ ဆေးရုံမှ အရေးပေါ်လိုအပ်နေသည့် ဆေးရုံကြီး၏ အအေး ခန်းဋ္ဌာနတွင် အသုံးပြုရန်အတွက် Mitsubishi အမျိုးအစား လွေအေးပေး စက် တစ်လုံး (တန်ဖိုး ၆၁၈ဝဝဝိ/- ခြောက်သိန်းတစ်သောင်းရှစ်ထောင်ကျပ်) နှင့် ဆေးဝါးပစ္စည်းမျိုးစုံ (တန်ဖိုး ၃၇၅ဝဝိ/- သုံးသောင်းခုနှစ် ထောင့်ငါးရာကျပ်) တို့အား သွားရောက်လှူဒါန်းပေးအပ်ခဲ့သည်။

လှူဒါန်းမှုများအတွက် စံပြဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ထွန်း၊ သူနာပြုဆရာမကြီးနှင့် ဆေးရုံတာဝန်ရှိသူများတို့မှ လက်ခံခဲ့ကြပြီး ဒေါက်တာ ဇော်ထွန်းမှ ဆေးရုံ၌ ဆင်းရဲနွမ်းပါး လူနာများလည်း တက်ရောက်၍ ကုသနေကြသည့်အတွက် မည်သူမဆို လှူဒါန်းမှုများရှိပါက လက်ကမ်းကြိုဆိုနေပါကြောင်း ပြောကြားခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ယခင်အချိန်များတွင်လည်း သင်္ဃန်းကျွန်းမြို့နယ် စံ ပြဆေးရုံကြီးအတွက် လိုအပ်သည့်ဆေးရုံသုံးကုတင်များ၊ ဆရာဝန်သုံးနားကြပ်များ၊ အောက်ဆီဂျင်အိုးများ၊ လက်တွန်းလှည်းများလည်း လှူဒါန်းပေးအပ်ခဲ့ဖူးသည်။
● တကယ်ရောက်ခဲ့ပြီ
အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူဒါနအဖြစ် နာရေးကူညီ မှုအသင်း (ရန်ကုန်) သို့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် ရုပ်ရှင်/ဗီဒီယိုသရုပ်ဆောင် ဇနီးမောင်နှံဖြစ်ကြသည့် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့သည် မိဘများနှင့်အတူ လာရောက်ခဲ့ကြပြီး သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက် အလှူငွေ (၁ဝ) သိန်းကျပ် တိတိအား လှူ ဒါန်းပေးအပ်ခဲ့သည်။


Comments