Letter to Moemaka

ပုဂ္ဂလိကဆေးရုံပိုင်ရှင်မှ လက်အောက်ဝန်ထမ်းအား ညှဉ်းပန်းနှိပ်စက်မှုဖြစ်
ကိုနှင်းမောင် (ဟင်္သာတ)
အောက်တိုဘာ ၁၈၊ ၂၀၁၂ 
 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သော မြင့်မြတ်ဆေးရုံတွင် ၁၄-၁၀-၂၀၁၂ နေ့၌ ဆေးရုံပိုင်ရှင် မှ သူ၏၀န် ထမ်းအား ညှဉ်းပန်းနှိပ်စက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြင့်မြတ်ဆေးရုံပိုင်ရှင်မှ သူ၏၀န်ထမ်းအား အမျိုးမျိုးအကြောင်းပြကာ နှိပ်စက်ညှဉ်းပန်းသောကြောင့် ထိုဝန်ထမ်းမှာ အလုပ်မှ ထွက်လိုကြောင်းပြောရာ ပိုင်ရှင်မှ ကြိုးဖြင့်တုတ်ကာ အပြင်သို့ထွက်ခွင့် မပေးတော့ ကြောင်း၊ မီဒီယာသမားတွေလာကာမှ ထုတ်ပေးကြောင်း သိရသည်။ ထိုဝန်ထမ်း အမည်မှာ ကိုအောင်ကျော်ဟုသိရပြီး လောလောဆယ် စခန်းတွင်အမှုဖွင့်ထားကြောင်း၊ ကိုအောင်ကျော်အား ဆေး ရုံပိုင်ရှင်မှ ကြိမ်းလုံးဖြင့်ရိုက်ကြောင်း၊ နာရင်းကို လက်ဝါးဖြင့်ရိုက်ကြောင်း၊ နှိပ်စက်တာကိုမခံနိုင်၍ အလုပ်မှထွက်မည်ဆိုတာကို ပေးမထွက်ပဲ လျော်ကြေးပေးမှ ထွက်လို့ရမည်။ ပြီးတော့ ကြိုးဖြင့်တုတ်ထားကြောင်း၊ မီဒီယာသမားတွေလာမှ ထုတ်ပေးတာဖြစ်ကြောင်း ကိုအောင် ကျော်နှင့် နီးစပ်သူတစ်ဦးမှ သိရှိရသည်။

ထိုဆေးရုံပိုင်ရှင်မှာ ဟင်္သာတဂေါက်ကွင်းတွင် KTV ဖွင့်ထားသော ကိုဝင်းဇော် (စသုံးလုံး ဦးစီးအရာရှိ) နှင့် ဆွေမျိုးတော်စပ်သည်ဟု ကြားသိရပြီး၊ ထို့ကြောင့်သာ “စသုံးလုံးရဲ့တူဆိုပြီး အရှိန်နဲ့ လုပ်ချင်တိုင်းလုပ်နေတာ။ ကိုဝင်းဇော်ရဲ့ KTV ကလည်း တိုင်လိုက်လို့ နားရင် အများဆုံးတပါတ်ပဲ။ ပြီးတော့လည်း ဒုံရင်းက ဒုံရင်းပါပဲ ဘာမှ မပြောင်းလဲပါဘူး”ဟု မြို့ခံတစ်ဦးက ပြောကြားပါသည်။

Comments

Anonymous said…
Who is the responsible person for this new?plz reply with real name ,real address and real phone number
Anonymous said…
ဆေးရုံဘက်တော့မသိဘူး၊ ဆေးခန်းဘက်မှာလည်း မင်းမဲ့စရိုက်ဆန်ဆန် အလုပ်သမားဝန်ထမ်းတွေအပေါ် ပြောဆိုဆက်
ဆံတယ်ဗျာ၊ ဆေးခန်းမှာ CCTV ကင်မရာတွေလည်း တပ်ထားတယ်၊ သူ
ဒီလောက်မိုက်မိုက်ရိုင်းရိုင်းဆက်ဆံတာ ၀န်ထမ်း
တွေကဘာလို့ အလုပ်မထွက်လဲ သိချင်ကျမှာပါ စ၀င်ကတည်းက ဦးသန်းဦးဆိုတဲ့
့ကလိမ်ကကျစ်ရှေ့နေနဲ့ စာချုပ်တွေ
ချုပ် နေမကောင်းလျှင် ခွင့်တိုင်၊ အဲဒီရှေ့ နေကို သွားတိုင်ရတယ်
ဆေးပုလင်းချိတ်ရက်ကြီးလဲ နေမကောင်းကြောင်းသက်သေလာပြရတယ် ခွင့်
့မတိုင်လျင် တစ်ရက်တစ်ထောင်ဖြတ်တယ်၊ သူဆေးခန်းလာလို့ တခါးလာဖွင့်
့မပေးရင်အလုပ်ထုတ်တယ်၊ တစ်လပြည့်လို့ လစာအပြည့် ရတဲ့ ၀န်ထမ်းရှားမှရှားဘဲ၊
ပစ္စည်းတစ်ခုခု လွတ်ကျရင် လုပ်သူတစ်ယောက်ထဲ မလျော်ရဘဲ အားလုံးစုလျော်ရတယ်
စစစ သုံးလုံးဝိတ်နဲ့ ကားတွေကလည်း နှစ်စီးလောက်က without ကားတွေ ကြုံရာ
နံပါတ်တွေကောက်တပ်ထားတာ၊ တစ်နှစ်တခါဘောက်ဆူးပေးတယ် ဘောက်ဆူးမယူတဲ့
သူ အချိန်မရွေးအလုပ်ထွက်လို့ ရတယ်ပြောပြီး တကယ်တန်း အလုပ်ထွက်မယ်ဆိုလျင်
တရားစွဲမယ်၊ အရင်က ကူညီထားတာတွေပြန်ပေး၊ စိတ်ထိခိုက်အောင် လုပ်ပြီးမှထွက်ရတယ်၊
မြင့်မြတ်ဆေးရုံပိုင်ရှင်ဟာ
အလွန်မောက်မာပြီး သူအမျိုး (စစစ) ၀ိတ်ကို အမြဲတန်းသုံးတတ်တယ်ဆိုတာ မြို့
့ခံလူထုကအမုန်းမခံချင်လို့သာ မသိချင်ယောင်ဆောင်မယ်၊ အားလုံးသိတယ် ဒီအမှု
့ဖြစ်ခါစမှာ အမှတ်(၁)ရဲစခန်းက (စစစ) မှ ၀င်းဇော် နှင့် ထိပ်တိုက် တွေ့မည်ဆိုးရွေ အမှုဖွင့် မပေးပါဘူး၊ ဆေးရုံဘက်မှာလည်း စည်ပင်သာယာအမှု့ဆောင်အရာရှိနှင့် ပေါင်းပြီး လူနာခန်းတွေ တိတ်တခိုးဆောက်လုပ်ထားတယ်၊
လုပ်ချင်သလိုလုပ်နေတယ်ဆေးရုံအနံ့
့တွေကလည်းဘေးပါတ်ဝန်းကျင်ကို ပြန့်ပြီးစိတ်ပျက်ဖို့ ကောင်းတာက
ရောဂါပေါင်းစုံ၊ လူနာတွေကိုထိုးတဲ့ ဆေးထိုးအပ်အဟောင်းတွေကို
တရုတ်သင်းကျိုင်းရှေ့ မှာစည်းကမ်းမဲ့စွာ လွတ်ပစ်တာကို
အနီးပါတ်ဝန်းကျင်သူတွေကဘာလို့လွှတ်
့်ပစ်တာလဲပြောဆိုရာ မကျေနပ်ရင်စည်ပင်သွားပြော လို့ ပြောဆိုပါတယ်။
Anonymous said…
အပေါ်က comment ရေးတဲ့ သူကို နဲနဲ ပြောချင်ပါတယ်၊ ခင်ဗျား ရေးထားတာတွေက ကိုယ်တိုင် သေသေချာချာ စုံစမ်းလေ့လာပြီးမှ ရေးထားတာ ဟုတ်ပါသလား၊ ၀န်ထမ်းတွေထဲမှာ တချို့သော ၀န်ထမ်းတွေဟာ စည်းစနစ်ကျတဲ့ စည်းကမ်းတွေကို မဖြစ်မနေထုတ်ထားရတဲ့ အကြောင်းတော့ ရှိလိမ့်ထင်ပါတယ်။ ဒါ ကျွန်တော်တို့ ဘေးက အမြင်နဲ့ပြောတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အကျင့်ပျက်ခြစား ဆိုတဲ့ အရိုးစွဲနေတဲ့ အကျင့်က တချို့သော အစိုးရ၀န်ထမ်းတွေတင် မကပဲ ပုဂ္ဂလိက ၀န်ထမ်းလောကကိုပါ ကူးစက်လာလို့ပါ။