တာဝန်ရှိသူတွေ သိစေလိုပါတယ်
မိုးကြီး (ဟင်္သာတ)
အောက်တိုဘာ ၃၀၊ ၂၀၁၂
မိုးကြီး (ဟင်္သာတ)
အောက်တိုဘာ ၃၀၊ ၂၀၁၂
အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၁၀ နာရီခန့်က ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် ဒေါင့်ကြီးလမ်းဆုံတွင် လေးမျက်နှာ - ရန်ကုန်ပြေးဆွဲလျှက် ရှိသော မိဘမေတ္တာ မှန်လုံးအမြန်ယာဉ်မှ ရန်ကုန်မှ ဟင်္သာတသို့ ဘုရားဖူးလိုက်ထရပ်ကားအား ဘရိတ်ပေါက်၍ ၀င်တိုက်ရာ လိုက်ထ ရပ် ပေါ်မှာ (၉) တန်းကျောင်းသူ ၁၀ ဦးခန့် သေးဆုံးသွားတယ်လို့ သိရပါတယ်။
ထိုကဲ့သို့ဖြစ်ရပ်ဆိုးတွေ မဖြစ်ပွားစေရန်အတွက် ဟင်္သာတယာဉ်စည်းကမ်းထိန်းသိမ်းရေးအနေနဲ့ ယာဉ်များအား မိုင်နှုန်းများသတ်မှတ်ပြီး မြို့တွင်းသို့ မောင်းခိုင်းသင့်ပါတယ်။ ယာဉ်ထိန်းရဲတွေအနေနဲ့ တောသူတောင်သားတွေဆီက ဆိုင်ကယ်တွေဖမ်းပြီး ငွေးကြေးကောက်ခံမှု တခုကို လုပ်ဆောင်နေမည့်အစား စည်းကမ်းရှိအောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ထို့ပြင် မထသမှလည်း မြို့ဝင်ဂိတ်တွေမှာ ဘာအတွက် ငွေကြေးကောက်ခံနေသည်ကိုလည်း ရှင်းရှင်းလင်းလင်းသိရှိအောင် သက်ဆိုင်ရာက ဆောင်ရွက်ပေးစေလိုပါကြောင်း တင်ပြအပ်ပါတယ်။

Comments