Letter to Moemaka




ဟင်္သတာမြို့က ဆိုင်ကယ်လိုင်စင်ဒုက္ခ
ပြည်သူတဦး (မိုးမခပေးစာ)
အောက်တိုဘာ ၃၊ ၂၀၁၂

အောက်တိုဘာ ၅၊ ၂၀၁၂ ရက်နေ့မှာ နောက်ဆုံးထားလုပ်ရမယ့် ဆိုင်ကယ်လိုင်စင်မှတ်ပုံရာတွင် သက်ဆိုင်ရာတွေဘက်မှ လုပ်ထုံးလုပ်နည်း များအား အမျိုးမျိုးပြောင်းလဲနေသည့်အတွက် နယ်ဝေးမှ လာရောက်လုပ်ကိုင်ရသောသူများအနေနဲ့ ဒုက္ခရောက်ရပါတယ်။ ထို့ပြင် ပြီးစီးရ မည့်ရက်ကလည်းနီးလာပြီး မှတ်ပုံမတင်ရသေးသည့်ဆိုင်ကယ်များ အများအပြားရှိသလို ယခင် ကညနဦးစီးနှင့် အခွန်ဦးစီး မတည့်သည့် အတွက် ပြဿနာတွေလည်း ခဏ ခဏ ကြုံရပါတယ်။ ယခုအခါ သူတို့မတည့်သည့်အတွက် ငွေသွင်းသည့်နေရာတွင် ကြန့်ကြာနေရပြီး တတ်နိုင်သူများ၊ စိတ်ညစ်မခံနိုင်သူများက ပွဲစားများနှင့်သာ လုပ်ကြပါတော့တယ်။

ထိုသို့ပွဲစားနှင့်လုပ်ကိုင်ရခြင်းမှာလည်း လူကိုယ်တိုင်လာရောက်လုပ်ကိုင်သူများအနေနဲ့ မည်မျှပင်စောစီးစွာရောက်စေကာမူ ပွဲစားနှင့် လုပ် ကိုင်သူများသာ ဦးစွာရရှိပြီး ဆိုင်ကယ်နံပါတ်များကိုလည်း နံပါတ်စဉ်အလိုက်မဟုတ်ပဲ ခေါ်ချင်သလိုခေါ်နေပါတယ်။ ထို့ပြင် ပွဲစားဆိုများမှာ အနည်းဆုံး (၁၀) စီးခန့်စာအတွက် လုပ်ကိုင်နေသည့်အတွက် စောင့်နေရသည့် ကျန်သူများများ အချိန်နစ်နာရပါတယ်။ ဆိုင်ကယ် အမျိုး အစားသွင်းသည့်နေရာတွင်လည်း ပြီးစီးမည့်ရက်နီးလာသည်ကိုအကြောင်းပြပြီး ငွေပိုတောင်းကြပါတယ်။ ဆိုင်ကယ်မော်ဒယ်များကိုလည်း မှားယွင်းသလိုလိုနှင့်ရေးပြီး ငွေပိုတောင်းတတ်ကြပါသေးတယ်။ ထိုအမှားကို ပြောပြန်ပါကလည်း မှားရင် ဦးစီးတက်ပြောဟု ပြန်လည်ပြော ဆိုနေမှုများကြောင့် ယခုလို ဒီမိုကရေစီအစိုးရလက်ထက်မှာ ယခင်အစိုးရဟောင်းရဲ့စနစ်ဆိုးများအား ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါသဖြင့် အများပြည်သူအနေဖြင့် များစွာထိခိုက်နစ်နာနေရပါကြောင်း တင်ပြလိုပါတယ်။

Comments

Anonymous said…
ဟသာင်္တ ကညန အဖွဲ့တွေက မြို့နယ်တွေကိုလာပြီးလိုင်စင် လုပ်ပေးတော့လည်း ပညာပြတာလား(သို့)ညစ်ပတ်တာလားလို့မေးရတော့မယ့်ဗျာ-
ပြည်သူလူထုကို စိတ်အနှောက်အယှက်ဖြစ်အောင် နိုင်ငံတော်ကပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး ငွေမပေး ပေးအောင်ရစ်တယ်ဗျာ။
၎င်းတို့အဖွဲ့ထဲမှာ ကားဘော်ဒီတိုင်းတဲ့ကောင်နဲ့ခဲခြစ်တဲ့ကောင်က အဆိုးဆုံးပဲ။