Thet Khaing - Poem

မနန်းခင်ဇေယျာသို့
သက်ခိုင်
အောက်တိုဘာ ၂၀၊ ၂၀၁၂



မြန်မာ့အပြုံး
ကမ္ဘာတခုလုံး
အုံးအုံးကျွတ်ကျွတ်
နှလုံးလှပ်အောင်ပေါ့
.... .....
..... .... .....
ယှဉ်ပြ ဆင်ပြလိုက်ပါ ညီမလေးရေ။

မြန်မာဆိုတာ
ကမ္ဘာကိုပတ်
အသပြာအတွက်
နေ့ကုန်ညစုံ အလုပ်လုပ်
အဲဒီလို အရိုးထုတ်ခဲ့ရပေမယ့်
ပီသ ကြည်မြ လူပီသတဲ့အလှ
တို့ဗီဇမှာရှိတယ်။

မျိုးအဆက်ဆက် အမှောင်ဖုံး
စစ်မြေပြင်ထက် အချိန်ဖြုန်း
အဲဒီလို ဆုံးရှုံးခဲ့ရပေမယ့်
လေပြေအသော့
ရွှေရင်မော့
အော်ဟစ်သီကြွေး
ဒါ မြန်မာ့သွေးဖြစ်မယ်။

မြန်မာတို့ရဲ့ဒေါင်း
ပြည်သူတွေရဲ့ လအကြောင်း
ကမ္ဘာကိုတင်ပြ
ဘဝင်ကျပါရစေ ညီမလေးရယ်။

မြန်မာ့အပြုံး
ကမ္ဘာတခုလုံး
အုံးအုံးကျွတ်ကျွတ်
နှလုံးလှပ်အောင်ပေါ့
.... .....
..... .... .....
ယှဉ်ပြ ဆင်ပြလိုက်ပါ ညီမလေးရေ ....။

Comments