Voices from Hinthada Township


ဟသာၤတျမိဳ့နယ္က ပြည်သူ့အသံများ စုစည်းချက်
မိုးမခသားများ (ဟင်္သာတ)၊ အောက်တိုဘာ ၁၇၊ ၂၀၁၂

လမ်းမပြင်ဘဲ လမ်းချဲ့နေတဲ့ အာဏာပိုင်တွေ
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့  ၏ အဓိကလမ်းမကြီး ဖြစ်သော ဗန္ဓုလလမ်း ဘေးဖက်နှစ်ဖက်စလုံး တိုးချဲ့ လျက်ရှိပါတယ်။   စလုပ်နေတာ ၁၃ ရက်လောက်ရှိပါပြီ။ ဆိုင်းဘုတ်တွေ ချတော့ ရပ်ကွက်နေပြည်သူတွေက အရင်ပျက်စီးနေတဲ့ လမ်းမကြီးကိုပြင်မယ်မှတ်လို  ၀မ်းသာနေသော်လည်း ပျက်နေတဲ့ လမ်းကိုတော့ မပြင်ဘဲ လမ်းပဲ ချဲ့ သွားတယ်။ မြို့လယ်ခေါင် ဗဟိုအချက်အချာကျ လမ်းမကြီးတော့အရင်ပြင်သင့်တာပေါလို့ ဟင်္သာတမြိုခံတစ်ဦးက ပြောပါတယ်။
လမ်းခင်ရာတွင်လည်း ကတ္တရာမပါ ဓါတ်ပုံထဲပါသည့်အတိုင်း နေ့စားဝန်ထမ်းတွေနဲ့  သဲနှင့်ကျောက်ခဲသာ သုံးသွားသဖြင့် လမ်းတခုလုံး မိုးရွာတိုင်း ပိုမိုပျက်စီးပါတယ်။ ခရီးသွားတွေအတွက်လည်း အန္တရာယ်ပိုတိုးလာပါတယ်။

အင်္ဂပူလမ်းက ချမ်းသာစားသောက်ဆိုင် စည်းကမ်းရှိရန်လို
ဧရာဝတီတိုင်း    ဟင်္သာတမြို့၊လယ်တီကွင်းရပ်ကွက်  အင်္ဂပူလမ်းရှိ  ချမ်းသာစားသောက်ဆိုင်ကို စည်းကမ်းဥပဒေများနှင့် မညီကြောင်း ရပ်ကွက်ပြည်သူတို့က   တိုင်ကြားသော်လည်း   ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရဲတပ်ဖွဲ့ဝင်အချို့က   လာဘ်ယူပြီး အရေးမယူဘဲနေကြောင်း တိုင်ကြားအပ်ပါသည်။

ရွှေလရောင်ဂုံးရှိ တာပေါင်ဈေးကို စည်းကမ်းကြည့်ကြပ်ပေးပါရန်

 ဟင်္သာတမြို့  ရွေလရောင်ဂုံးတွင် ဈေးသည်များကို မြို့နယ်စည်ပင်မှ ဈေးတာဝန်ခံဆိုသူများက ငွေကောက်ခံပြီး ဈေးရောင်းချခွင့်ပြုထားရာတွင် စည်းကမ်းကြည့်ကြပ်မှု မရှိတာကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားခြင်း၊ တာတမံများ လမ်းများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နေပါတယ်။ စည်ပင်အရာရှိများကိုလည်း လစဉ် လာဘ်ငွေပေးပြီး နှုတ်ပိတ်ထားပါတယ်ဆိုတာကို အများသိစေရန် တိုင်ကြားအပ်ပါတယ်။

Comments

Anonymous said…
ဟင်္သာတမှာစည်ပင်အရာရှိတော်တော်ဆိုးတယ်လပ်စားတယ် လမ်းတွေမပြင်ဘူး တမြို့ လုံးပျံကျဈေးသည်တွေနဲ့ ကားလမ်းတွေပေါ်မှာ ဆိုင်ကယ်တောင်မောင်းလို့ မ၇ဘူး ဒေသအုပ်ချုပ်ရေးမှူးတွေလက်ပိုက်ကြည့်နေတယ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဒီကိစကို ထိေ၇ာက်စွာအရေးယူဆောင်ရွက်ဖို့ ကောင်းတယ်
Anonymous said…
ဗိုလ်ကြီးခင်မောင်မြင့်ဆိုတာ လပ်စားတယ် အကျင့်ပျက်တယ် မမှန်မကန်လုပ်နေတယ် မြို့ ကောင်းဖို့ ဘာတခုမှမလုပ်ဘူး ဒီလောက်တိုင်ကြားနေတာတောင် ဘယ်သူကမှအေ၇းယူမပေးဘူး ပြည်သူအသံကိုေ၇ာနားထောင်ရဲ့ လားမသိဘူး
soe said…
ခရိင်ရဲတပ်ဖွဲ့မှူးဟောင်း ဒုရဲမှူးကြီး မြင့်ဆွေ လောက်
တော့ဆိုးမယ် မထင်ပါဘူး....ပင်စင်ခံစားခွင့်သွားတာ
တောင် ဒီဇယ်ဆီခွဲတမ်း တစ်ဝက်တောင်းတုံးဘဲဗျာ..
နန်းတော်ကြီးပမာ အိမ်ကြီးလဲဆောက်ပြီးပြီ..သူတော
င်းစားကဲ့သို့တောင်းနေတာဘဲ...ဒီလိုလူပင်စင်တောင်
မပေးသင့်ဘူး ...စဉ်းစားသာ ကြည့်ပေါ့ဗျာ...