Zaw Aung (Moneyar) - Articles

ေ ခါ င်း မူး စာ တ မ်း
ဇော်အောင် (မုံရွာ)
အောက်တိုဘာ ၁၊ ၂၀၁၂
 

မေး ။ ။ ဆရာခင်ဗျား၊ ခေါင်းမူးတဲ့ရောဂါကုခြင်းကို စိတ်ဝင်စား၊ ဆွေးနွေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်လို ခေါင်းမူးတတ် သူများအတွက် ဆရာ့အတွေ့အကြုံလေးတွေ ဝေငှပေးပါဦး။

ဖြေ (A Burmese Doctor) ။ ။  ကျနော်ဆရာဝန်တဦးပါ။ ကျနော်လဲ ခေါင်းမူးရောဂါကို ၁၉၉၃ - ၉၄ မှာ တော်တော်ခံလိုက်ရပါတယ်။ အခု လဲ အစားမှားရင် မူးတာဘဲ။ မူးရင် ၃၆ နာရီလောက်ကိုမူး အန်နေတော့တာပါ။ နောက် ၉၄ မှာတော့ အစားအသောက်ကြောင့်ဆိုတာ သိလာပြီး မူးတာကို ကုတတ်သွားပါတယ်။ နောင်မူးခဲ့ရင် ကျနော့်ဆေးနည်းစမ်းကြည့်ဖို့ သိလိုတယ်ဆိုရင် မျှဝေချင်ပါတယ်။ ဗောဓိတစ် ထောင်ဆရာတော် လှည်းတန်းက ရန်ကင်းကျောင်းတိုက်ဆရာတော်နဲ့ကတော့ ကျနော်ကလွဲရင် တခြားဆရာဝန်ကုတာကိုလက်မခံခဲ့ပါဘူး။

ဗောဓိဆရာတော်က ကျနော် ၂၀၀၅ နှစ်ကုန် နိုင်ငံခြားထွက်တော့ ငါနေမကောင်းရင် ခက်ပြီပြောရှာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျနော် နိုင်ငံခြားထွက်ဖို့  လေယာဉ်ပေါ်တက်ချိန် ဆရာတော်ပျံလွန်တော်မူချိန် ဖြစ်သွားပါတယ်။

ကျနော်မိတ်ဆွေ တိုင်းတရားသူကြီး အမဖြစ်သူ အထူးကုပါဘဲ။ ရှေးခေတ်ကထည်းက ဆူပါသူဌေးကြီးတွေပေါ့။ သူလဲ ခေါင်းမူးတတ်တာနဲ့ အထူးသဖြင့် လေယာဉ်စီးရင် သွက်သွက်ခါမူးအန်တော့တာပါ။ ကျနော် ဆေးနည်းလေးပေးလိုက်တာ လေယာဉ်ပေါ်မှာ အစားတောင်စား လို့ရတဲ့အထိ ကောင်းသွားပါတယ်။ ထုံးစံအတိုင်း စူပါသူဌေးတွေ အလှူလုပ်တော့ သူတို့မိတ်ဆွေ ဆရာဝန်တွေ အထူးကုတွေ ဆုံကြတော့ မေးကြပါတယ်။  ခင်ဗျား ဒီဆေးနည်းကို ဘယ်စာအုပ်ထဲကတွေ့လို့  သုံးတာလဲပေါ့။ ဒါကို မျှခြင်လို့  ၂၀၀၅ ဆရာဝန်များညီလာခံအတွက် စာတမ်းရေးခဲ့ပါတယ်။ မြန်မာဆရာဝန်ကြီးများက ဒါတွေ Literature ထဲမှာ မရှိဘူးပြောလာလို့ အခြေတင်ဖြစ်ခဲ့ဖူးပါတယ်။ ဆရာဝန်လောက မှာလည်း လူ့အတတ်ပညာနဲ့ ဖြေရှင်းလို့မရတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးတွေ အခုထိ ထွန်းကားနေဆဲဖြစ်ပါတယ်။
ထားပါတော့။

မေး။ ။ ခေါင်းမူးရောဂါကုထုံးကို အရမ်းသိချင်ပါတယ်။ ဆရာရဲ့ ခေါင်းမူးရောဂါစာတမ်းကို သိချင် ဖတ်ချင်ပါတယ်။ ကျွန်တော့အတွက် ခေါင်း မူး၊ ခေါင်းဆူရောဂါရပြီး၊ ဒီပရက်ရှင် ၂ နှစ်လောက်ဖြစ်ခဲ့ဖူးပါတယ်။ သေမှာကြောက်ရွံ့ပြီး အိပ်မက်ဆိုးများ၊ တရက် အိပ်ဆေး ၄ လုံးကနေ ၁၂ လုံးထိ ဒိုင်ယာစီပင်များစွာ သောက်ခဲ့ရပြီး၊ ဦးနှောက်အားတိုးဆေးများ၊ Stress Medicine များ သောက်ခဲ့ရတဲ့ ၂၀၀၂-၂၀၀၄ ကာ လ များက ကိုယ့်ကိုယ်ကိုသေပြီလို့ စိတ်လျှော့ခဲ့ရပါတယ်။  စေတနာရှိသူ ဆရာဝန်များ ကျန်းမာရေးအမေးအဖြေကဏ္ဍ အချိန်ပေးပြီးဖြေကြား ရင် သိပ်ကောင်းမှာပါ။  ဆရာ့အတွေ့အကြုံလေးတွေ၊ ခေါင်းမူးစေတဲ့အကြောင်းနဲ့ အမူးပြေစေတဲ့ ဆေးများ၊ နည်းများကို ပြောပြပါဦးခင်ဗျာ..။

ဖြေ (A Burmese Doctor) ။ ။ ခေါင်းကိုမူးစေခြင်းအကြောင်းက နားထဲက cochlea and vestibular ကပါ။ တနည်း ဒါတွေတင်းလာရင် (ဖိအားများလာရင်) မူးတာပါ။ ဥပမာ ကားမူး/ လေယာဉ်မူးတာကတော့ ခေါင်း မျက်လုံးအကြည့်တွေကနေ လှုံ့ဆော်လာလို့ နားထဲအ ရည်စုလာပြီး မူးတော့တာပါ။ ခင်ဗျား/ ကျနော်တို့မူးတာက မတည့်တဲ့အစား စားမိတဲ့အခါ ပထမ မျက်နှာတွေတင်းလာပါမယ်။ သတိထား မိရင်ပေါ့။ မျက်လုံးတွေ တင်းလာပါမယ်။ အမ်းလာပါတယ်။ သတိမမူရင်တော့ ဂူမတွေ့ဆိုသလိုပေါ့။ အဲဒီမှာ တကယ်ဆိုးဆိုးဝါးဝါးမမူးခင်မှာ သတိထားလို့ရတာကတော့ အောက်ကိုငုံကြည့်မိခဲ့ရင် တခုခုငုံ့ကောက်မိခဲ့ရင် ပြာသလိုလိုဖြစ်တာ ခံစားရတတ်ပါတယ်။ ခြာခနဲ မူးသလို မျက်လုံးပြာသွားတတ်ပါတယ်။ နောက်နေ့ဆို မူးတဲ့အဆင့်အထိလာတော့တာပါ။ ပိုသတိထားရင် ဗိုက်လဲလေပွလာပါတယ်။ နည်းနည်းမူး တာ စတာနဲ့ လေမလည်တော့ပါဘူး။ အမူးစပြေတော့မယ်ဆိုရင်လဲ လေလည်တာက ပြန်စပါတယ်။

အဲဒီအချိန်မှာ နားထဲ အရည်တွေ စုနေခါစအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ နားထဲကအရည်ကို အမြန်ဆုံး အထိရောက်ဆုံး ထုတ်ပစ်နိုင်တာက ဆီးဆေးပါဘဲ။ ဒါကို ဆေးလောကကြီးတခုလုံးက အကြောင်းရင်းကိုမကုစားဘဲ လက္ခဏာကိုကုစားနေကြတာ အစဉ်အဆက်ပါဘဲ။ Not correcting the real cause just alleviating the symptoms. ဒါပါဘဲ။ ခင်ဗျားကိုကုပေးနေတာ (အားလုံး) က ယာယီဘဲ။ အကြောင်း ရင်းတရားကို လူနာနားလည်ထားရင် လူနာရှင်ကရှောင်မှာပါ။ ဆရာဝန်ကိုယ်တိုင်က ဖြစ်ရင်းအကြောင်းခံကို မရှာဖွေနိုင်သေးသမျှ လူနာ ခံရလိုက် လက္ခဏာကိုကုလိုက် အိုကေဆိုပြေနေကြတာ ကျနော့်အတွက် စိတ်မချမ်းသာဘူး။ မူးတာက လွယ်တဲ့ကိစ္စမဟုတ်ဘူး။ မသေတာ ပေမဲ့ သေလုမတတ်ခံရသလိုဘဲ။

အဓိကကတော့ ဦးခေါင်းဒွဏ်ရာ Head injury (concussion) ရရင် ဆေးရုံမှာ အရေးပေါ်မှာ I.V Mannyl ဆိးဆေး တောက်လျှောက် ချိတ် တော့တာပါ။ လူနာမျက်လုံးကိုကြည့်ပြီး လိုအပ်နေသသေးသမျှ ချိတ်နေတော့တာပါ။ အခုလိုမူးရင် ဦးခေါင်းဒဏ်ရာ ရထားတဲ့လူနဲ့ အ ပေါ် ယံအားဖြင့် တူနေတာပါဘဲ။ အဲဒီလောက်အထိ ပိုတွေးစဉ်းစားလိုက်ရင် အကြောင်းရင်းခံ ဆင်တူတူ တွေ့လာရတော့ ကုသချက်က ဆင်တူ တူ လေးပါ။

ဒီတော့ ဦးဏှောက်ထဲက အရည်အပိုတွေကို အကောင်းဆုံးထုတ်နိုင်တာက မျက်စေ့ဝေဒနာရှင်တွေ Glaucoma/maculoma (macular oedema) မျက်ကျောယောင်/အတွင်းတိမ်သမားတွေ နေ့စဉ်သောက်ရတဲ့ ဆီးဆေး DIAMOX (Acetazolamide -125 mg) ရဲ့  တ၀က် လောက်ကိုတိုက်။ ရေများများနဲ့ ဖြစ်နိုင်ရင် ဖရဲသီးရည်တိုက်ပါ။ ဆီးစသွားပြီး ၆ နာရီလောက်ဆို မူးတာ စသက်သာလာပါမယ်။ ရေများများစ သောက်နိုင်ပြီးဆို ဆီးပိုသွားလာရင် မူးတာ ပိုသိသိသာသာ သက်သာလာပါမယ်။  လေစလည်ပြီဆိုရင် ပျောက်ပြီသာမှတ်ပါတော့။

• အမူးပြေဆေးအကြောင်း
ဘာအမူးပျောက်ဆေးမှ မလိုပါဘူး။ သိချင်ရင် ကားမူးတတ်သူတဦးကို ခရီးမသွားမှီ တရက်အလို (၄ နာရီလောက် စောသောက်တောင်ရ ပါတယ်) ဒီဆီးဆေး တ၀က်တိုက်ပေးလိုက်ပါ။ နောက်နေ့ကားစီးရင် မူးဖို့နေနေသာသာ စားလို့တောင်ရပါတယ်။ အမူးပျောက်ဆေးတွေ ကြိုတိုက်ကြည့်ပါ။ တူမလားသာ မေးပါ။

ဒီတော့ မူးစေတဲ့အကြောင်းရင်းတွေ ဆက်ပြောပါမယ်။ မူးရတာ မတဲ့တဲ့အစားအစာတွေနဲ့ ဆိုင်ပါတယ်။ လူတဦးနဲ့တဦး ဓာတ်ခံမတူတော့ မတူနိုင်ဘူး။ တဦးက ကြက်ဥနဲ့မတဲ့ဘူး။ တဦးက နွားနို့။ တဦးက ပုဇွန်။

ကျနော်က အချိုမုန့်တွေ preservatives တွေ artificial flavours တွေနဲ့ မတဲ့ဘူး။ preservatives တွေပါတာ ဘီစကစ်မုန့်စားရင် တနာရီ လောက်နေရင် နာခေါင်းသွေးကျလာတယ်။ တရုတ်ဆိုင်မှာစားရင် ၂၅ မိနစ်ဆိုကျလာပြီ။ ယိုးဒယားဆိုင်ဆို ၀မ်းသွားရင်သွာ မသွားရင် နောက်တနေ့ မူးအန်တော့တာ။ ၀မ်းသွားရင်လဲ ဆိုင်ထဲတင် ပန်းတော့တာ။ ကျနော်မြေး ၃ ယောက်။ ၃ ယောက်လုံး အစားအစာမတဲ့ကြဖူး ။ ဘာဘူ သမီးက ပဲနို့  / နွားနို့ / ကြက်ဥ / Nuts တွေ မတဲ့ဘူး ။ သန္တာလှိုင်သမီးက ကြက်ဥ/နွားနို့ / nuts တချို့။

အပြင်စာ အထူးသဖြင့် အချို့မုန့်၊ အရသာမုန့်တွေ ရှောင်ကြည့်ပါ။ မတော်စားမိရင် diamox တာ တန်းသောက်ပါ။ စမ်းကြည့်ပါ။ တွေ့ရှိ တာလေးတွေ feed back ပြန်ပေးပါဦး။ တခြားသူတွေကိုလဲ မျှပါ။ မိတ်ဆွေတွေကို ကျနော်ကလို့ပြောရင် စမ်းကြပါမယ်။ ကျနော်တို့တတွေ ရဲ့တွေ့ရှိချက်ကနေ လူသားများအတွက်တင်ပြနိုင်ရင် ကုသိုလ်တွေရမယ်။ လူတွေမူးတာ တရက်သက်သာရင် နည်းတဲ့လုပ်အားဆုံးရှုံးမှုကို ကာကွယ်နိုင်တာလား။ တဦးမူးရင် တဦးပါ အလုပ်ပျက်ရတော့တာပါ။

ခေါင်းမူးတတ်သူများ မတဲ့တာတော့စားရရင် သတိထားမိရင် တဖြေးဖြးသိလာပါမယ်။ ကိုယ်တိုင်က အသိဆုံးပါ။ ဆရာဝန်က ၀ါးလုံးသိမ်း ပြောလို့ မရပါဘူး။

အခုစာရေးဆရာ (ကို) ကျော်ဝင်းက အသက်ကျနော့်ထက် တနှစ်တိတိငယ်တယ်။ သူက အတန်း တတန်းကြီးပါတယ်။ ငယ်ငယ်က ကျောင်းထားရင် ကျောင်းကထွက်ပြေးလမ်းမှာ ခွေးကိုက်ခံရ လမ်းမှားပျောက်လို့ အိမ်က ကျောင်းမထားရဲတော့ ၇ နှစ်ကျော်မှ ကျောင်းစ လိုက်တာ။ ညီ အငယ်ကျောင်းတက်မှ လိုက်တက်တာ။ ဒါပေမဲ့ ၄ တန်းကနေ ၆ တန်းကျော်တက်ရလို့။ မဟုတ်ရင် အသက်၂၀ မှ ဆယ်တန်း အောင်ဖြစ်တော့မလို့။ ငယ်ငယ်က ကက်သလစ်ကျောင်းကြိးတွေနေရတော့ kindergarten က အေ/ဘီ/စီ သုံးတန်းတက်ရတာလဲပါတယ်။

ကျနော် ကိုယ့်မြို့ပြန်ပြီး ၁၉၈၂ မှာမှ ဆေးခန်းပြန်ဖွင့်ဖြစ်တယ်။ ကျနော့် ခေါင်းမူစာတမ်းက ရန်ကုန်အိမ်မှာထားခဲ့တာ အိမ်ကပစ္စည်းများလည်း ပျောက်တယ်ဗျာ။ နိုင်ငံခြား ကတိုက်ကရိုက်ထွက်လာရတော့ ဘာမှမသယ်နိုင်ခဲ့ဘူး။ ဘယ်ရောက်လို့ ဘယ်ပေါက်မယ်မသိဘဲ ရည်ရွယ်ချက် မဲ့ ထွက်လာခဲ့ရသူပါ။ နက်ဖြန်ဆိုတာ ဘယ်မှန်းမသိတဲ့ဘ၀ပါ။ အားငယ်ငယ်နဲ့ နိုင်ငံခြားထွက်လာခဲ့ရတာ။ စာတမ်းကို ပြန်ရှာဖို့ထက် အ သစ်ပဲထပ်ရေးဖို့ လုပ်နေပါတယ်။ အချိန်အခါပေးရင်တော့ လူအများဖတ်နိုင်ဖို့ ရေးရပါမယ်။

• ကျွန်ုပ်အတွေ့ကြုံဖြင့် သုံးသပ်ခြင်း
ခေါင်းမူးခြင်းဟာ အထူးသဖြင့် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ရောဂါများရှိပါတယ်။ ခေါင်းမူရောဂါနဲ့ဆက်စပ်နေကြောင်း အင်တာနက်မှာ ဖတ် ကြည့်မိပါတယ်။ ဆူညံခေါင်းမူခြင်းများဟာ အသက်ကြီးလာရင် ပိုဖြစ်လာမှာသေချာပါတယ်။ ဆရာပြောသလို အဓိကအကျဆုံးကတော့ အစားအသောက်ဖြစ်ပါတယ်။ တချို့က ခန္တာပါရမီကောင်းပါတယ်။ ဘယ်လောက်စားစား မ၀ဘူး။ အခုတော့ အသက်ကြီးလာတော့မှ အ စား သတိထားရတယ်။ အထူးသဖြင့် ဆရာပြောတဲ့ အချိုမှုန့်၊ Flavor များကို ရှောင်ရမှာပဲ။

SAR ရောဂါဖြစ်တုန်းက တရုပ်ပြည် အာရုံကြောအထူးကု ဆရာဝန်ကြီးရေးတာကို မြန်မာပြည်က မောင်မောင်ညှပ် (အပ်စိုက်ဆရာ) ဘာ သာပြန်ရေးထားတဲ့စာကို သတိရသလောက်ရေးရရင် အကောင်းဆုံးသောဆရာဝန်သည် မိမိသာဖြစ်သည်။ အကောင်းဆုံးသောလေ့ ကျင့်ခဏ်းသည် လမ်းလျှောက်ခြင်းဖြစ်သည်ဆိုပဲ။ ကျွန်တော့်အတွက်တော့ အကောင်းဆုံးသော အစားအသောက်သည် အိမ်တွင်ချက် သောအစားအသောက်ဖြစ်သည်လို့ ဖြည့်စွတ်ချင်ပါတယ်။ ဒီနေ့မနက်ကတောာင် အစားအသောက်ကြောင့် လူတွေ ဒေါသဖြစ်ရတာတွေ၊ အစားအသောက်ချက်ပြုတ်၊ စီစဉ်တတ်သူများ လူချစ်လူခင်များကြောင်း အတူအလုပ်လုပ်တဲ့ ကိုအောင်နဲ့ ပြောနေကြသေးတယ်။ လွန်ကျုး ခြင်းဟာ ငယ်ရွယ်စဉ်တုံးက သိပ်မသိသာပေမဲ့ အသက်ကြီးလာတော့ အရမ်းသိသာတယ်။ ဥပမာ အစားသောက်၊ ဆေးလိပ်၊ အရက်သေစာ၊ လိင်ကိစ္စ၊ စိတ်ပိုင်းဆိုင်ရ ဒေါသ၊ လောဘ၊ ၀မ်းနည်း၊ ၀မ်းသာမှုတွေ၊ နောက်ဆုံး ကိုယ်လက်လှုပ်ရှား၊ အားကစားတောင် လွန်ကျူးလို့မရဘူး။ တခါလွန်တာနဲ့ အသက်ပျောက်သွားရင် တော်သေးတယ်။ နာတာရှည်ဖြစ်နေရင် ကိုယ့်ကြောင့် ကိုယ့်မိသားစု အခက်ခဲဖြစ်ရတတ်ပါတယ်။

ကျွန်တော် အမေရိကားမှာ ဒေါ်လာ ၅ ထောင်ပေးပြီး MRI ရိုက်ကြည့်တာ ပိုက်ဆံတတ်နိုင်လို့ မဟုတ်ပါဘူး။ အမေရိကားကျန်းမာရေးစနစ်က လူတိုင်း ဆေးစစ်ခွင့်ရှိတယ်။ ငွေကိုတော့ ရှိတဲ့အချိန်ပေးပေါ့။ မရှိဘူးသက်သေပြနိုင်ရင် အစိုးရကပေးတယ်။ ကျွန်တော် အလုပ်မရှိကြောင်း သက်သေပြနိုင်လို့ အခမဲ့ ဒေါ်လာ ၅၀၀၀ တန် MRI ဆေးစစ်ခဲ့တာပါ။ တချို့သူငယ်ချင်းတွေ ဒေါ်လာသိန်းနဲ့ချီကုန်ကျတဲ့ ဆေးကုသမှုတွေ အခမဲ့လုပ်နိုင်တယ်။ ဟိုမှာ ဒေါ်လာ ၅ သိန်းကုန်ရင် ဒီမှာ (စင်ကာပူ) Cash Down or Installment payment နဲ့ ဒေါ်လာ ၅ သောင်း ဆို ကုလို့ရပြီပဲ။ အမေရိကားမှာ ဆရာဝန်နဲ့ ရှေ့နေ  Doctor & Lawyer စရိတ်တွေပဲထောင်းနေတာကြောင့် ၀င်ငွေမရှိပဲ ကြာကြာနေမရလို့ စင် ကာပူပြန်လာရတယ်။ အမေရိကားမှာ ရပ်တည်ရှင်သန်ဖို့၊ မလွယ်လှပါဘူး။

ကျုပ်ဇနီးသည်လည်း ရုပ်ရှင်ဝါသနာပါတော့ တီဗွီညသန်းကောင် သူကြည့်တဲ့ရုပ်ရှင်ကားက စိတ်ရောဂါကု ဆိုက်ကရေးထရစ် ဆရာဝန်ကြီး လူနာတွေကိုကုသရင်း နောက်ဆုံး လူနာတယောက်ကို ကပ်ကြေးနဲ့ထိုးသတ်ပြီး၊ သူလဲရူးသွားတဲ့ရုပ်ရှင်အကြောင်း ပြောပြတယ်။ ဒီလိုပါပဲ အသက်ကြီးလာမှ လောကကြီးမှာ ကိုယ်လုပ်နိုင်တာ နည်းသထက်၊ နည်းလာတာ၊ အထူးသဖြင့် ခေါင်းမူးရောဂါကြောင့် စိတ်တွေ လျှော့ ထားလိုက်မှ နေရတာသက်တာတယ်။ ဒါပေမဲ့ ဒေါသ၊ မာနတွေက ပြိုင်ဆိုင်ချင်တုန်း။ ကိုယ်လုပ်တာမှ အဟုတ်ထင်နေတုံပဲဗျ... လူ့သဘာဝ ဆိုတော့၊ ခက်ပါတယ်။

• နိဂုံးချုပ်
ကျုပ်ခေါင်းမူးရောဂါကို ဆရာဝန်များစွာနဲ့ကုသခဲ့ပါတယ်။ အသက် ၇၈ နှစ်အရွယ် ကျုပ်ဖခင်ကြီးလည်း ခေါင်းချာလပတ်လည်အောင်မူးလို့ ဆိုပြီး ခေါင်းခွဲစိတ်ကုသရအောင် ၂၀၁၁ တုန်းက စင်ကာပူကို အဖိုးကြီး၊ အဖွားကြီး ဇနီးမောင်နှံ ရောက်လာပါတယ်။ ဆီးချို တအားတက် နေတာ အစားမလျှော့လို့ ခေါင်းမူတယ်ဆိုပြီး သူငယ်ချင်း မြန်မာဆရာဝန် (စင်ကာပူအစိုးရ Poly Clinic Doctor) က ဆေးစစ်၊ ကုသပေးပြီး CT Scan လုပ်ပေးလိုက်ပါတယ်။ ဈေးသိပ်မကျပါဘူး။ ဒေါ်လာ ၃၅၀ လောက်ပဲ ကျသင့်ပါတယ်။ ပြန်သွားကြပါပြီ။

ကျုပ်တော့ ခေါင်းမူးရောဂါကိုခံစားရတာ ၁၀ နှစ်လောက်ရှိပါပြီ။ စိတ်နေစိတ်ထားပဲ ပြောင်းလဲပြီး၊ How Big Are You .. ဆိုတဲ့၊ ငါဆိုတာ ဘာမှမဟုတ်ပါလား။ ငါအတင်းလုပ်လိုက်တိုင်း ငါပဲစိတ်ဆင်းရဲရတယ်ဆိုတဲ့၊ အားလုံး ဘုရားအလိုတော်ပါပဲ (ဗမာလိုပြောရရင် ရှေးဘ၀ ကုသိုလ်၊ ကံတရားပါပဲ) နေလိုက်တော့ တော်တော်သက်သာပါတယ်။ သေမှာလည်း သိပ်မကြောက်တော့ပါဘူး။ အိုခြင်းထက် နာခြင်းကို အရမ်းကြောက်ပေမဲ့ ဘာတတ်နိုင်မှာလဲ၊ အို၊ နာ၊ သေရမှာ သေချာနေတာ ဒါတွေမတွေးတော့ ခေါင်းမူးရောဂါတွေလည်း သက်သာလာတယ်။

လေးစားလျှက် ...။

Relative Article
ကျန်းမာရေး ...Singapore, USA ဆေးပညာ၊ ဆရာဝန်၊သူနာပြုများနှင့် CT Scan

Comments

mgmg zaw said…
Thank you so much doctor.
mgmg zaw said…
Thank you so much doctor.