Albany Sayadaw planning to setup Buddhist Religious Building


အယ်ဘနီက ဆရာတော်ဦးဣသရိယ သာသနာ့မြေထူထောင်ဖို့ နှိုးဆော်
မိုးမခရွာဆော်ကြီး၊ နိုဝင်ဘာ ၂၁၊ ၂၀၁၂
 အယ်ဘနီ၊ ရစ္စလီယာနယ်၊ ဓမ္မ၀ါဒီအောင်မြေ မင်္ဂလာကျောင်းတိုက် မိုးကုတ်ဆရာတော် ဦးဣသရိယ က ၎င်းသီတင်းသုံးနေထိုင်ရာ အယ်ဘနီအရပ်တွင် ရောင်းချရန်ရှိသည့် ဘာသာရေးအဆောက်အအုံတခုကို ၀ယ်ယူပြီး မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနှင့် ကွန်မြူနီတီလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားသည်။
နယူးယောက်ပြည်နယ်၊ အယ်ဘနီမြို့နယ်သည် မြန်မာပြည်က ပြောင်းရွှေ့အခြေချနေထိုင်သူ မြန်မာတိုင်းရင်းသား မိသားစုများ စုဝေးရာ အရပ်ဖြစ်သည်။ မြန်မာမိသားစု ဦးရေ ၃ ထောင်ခန့် ရှိမည်ဟု ခန့်မှန်းသည်။ ဆရာတော်ကိုယ်တိုင်က အဆိုပါမြို့နယ်တွင် ဓမ္မ၀ါဒီအောင်မြေမင်္ဂလာကျောင်းကို ထူထောင်ပြီး သာသနာပြုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။
 (ကျောင်း ၁ ၏ ပုံ)
 (ကျောင်း ၂ ၏ ပုံ)

      မူလက ခရစ်ယာန်ချပ်ကျောင်းဖြစ်သည့်အတွက် ကွန်မြူနီတီတို့ စုဝေးရန်၊ နားခိုရန် သင့်တော်ခြင်း၊ အနည်းငယ် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် လိုအပ်ခြင်း၊ ဘာသာရေးအဆောက်အအုံဖြစ်သည့် အားလျော်စွာ ဘာသာရေးလုပ်ငန်းများအတွက် သင့်တော်ခြင်းတို့ကြောင့် မြန်မာဘုန်းတော်ကြီးကျောင်းအဖြစ် ထူထောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောကြားသည်။

စေတနာရှင်များ ဆရာတော်ကို အောက်ပါအတိုင်းဆက်သွယ်နိုင်ပါသည်။
ဓာတ်ပုံများမှာ အဆိုပါဒေသရှိ ရောင်းချရန် ရှိသော ဘာသာရေးအဆောက်အအုံမြင်ကွင်း ဖြစ်သည်။
142 Green st Albany, NY

Comments