သပိတ်မပိုသည့်....... အမာရီလို
အရှင်နန္ဒ၀ံသ
နိုဝင်ဘာ ၂၂၊ ၂၀၁၂
အရှင်နန္ဒ၀ံသ
နိုဝင်ဘာ ၂၂၊ ၂၀၁၂
ဟို...ရှေးထုံစံ တယူသန်တို့
အမေရိကန်ဆိုရင် မြတ်ရှင်သာသနာ မထွန်းပါ၍
ရှစ်ဖြာရပ်ပြစ် ပစ္စန္တရစ်မှာ
တခုပါဝင်၊စိတ်စွဲထင်ခဲ့..... ဆိုတုံခဲ့၏....
ချမ်းသာပြည့်စုံ၊ နတ်တို့ဘုံသို့ ပေါ..ဂုဏ်ဓန၊ ကြွယ်ဝကြလို့
သွားချင်ကြသူ နေချင်သူတွေ ...ရာကုဋေလေ ..
ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးမို့ ဘုန်းမီးနေလ လွန်တောက်ပသလို၊
မှီခိုနေသူ၊ များဗိုလ်လူတို့ ကမ္ဘာ့ပြင်ထွက်..ဂြိုလ်ထက်အရောက်
ခရီးပေါက်အောင် စွမ်းဆောင်ခဲ့ဘိ..သမိုင်းအရှိ ..
ပြည့်ဝသည့် ပညာ...လောကမှာထိပ်.. တကဲ့ဒိပ်ပါ...အင်္ဂါဂြိုလ်တိုင် တက်ရောက်နိုင်ခဲ့...
ချမ်းသာသည်မှာ...ကမ္ဘာထိပ်သီး နိုင်ငံကြီးပါ.. ရွှေငွေဥစ္စာ ရတနာ ..ဟူသမျှ ...ရနိုင်စွ..ခဲ့
သို့သော်လည်းလေ ...အမိ မြန်ပြည်လို .. သုံးထွေရတနာ ..မထွန်းပါ၍...
အထက်ကကဲ့ .....ဆိုတုံခဲ့ထင်... ယခုလျှင်မူ...
လာ လယ်ကြည့်စမ်း... ရှု့လှည့်စမ်း အဆွေ...။
အမေရိကန်မြေ၏ ပြည်နယ်ထိုထို...
မြို့တိုင်းလိုမှာ.. မှီခိုတည်နေ ..မြန်မာပြည်ဖွား မြန်မာများက
ဘုရားစေတီ ကျောင်းတွေတည်၍ မြတ်ထေရ် သံဃာ မြောက်များစွာကို

ကြည်ညိုလေးမြတ် ပင့်ဖိတ်လတ်ပြီး ဆည်းကပ်ဝတ်တွား
ဟောတရားနာ ကျင့်နိုင်လာသမို့... တရားလဲမြင် ဘုရားမြင်...
မြတ်ရှင်သာသနာ ..ထွန်းပါပြီ... ရပ်ပြစ် (၈) ပါး လွတ်ပါပြီ
သာသနာကို ၊ ကြည်ညိုလေးမြတ် ၊ ဆည်းကပ်သူပေါင်း ၊ရာထောင်သောင်းကြောင့် ...
ကျောင်း..ကန်..ဘုရား သံဃာများတို့ တိုးပွားအစဉ် ...
အမေရိကန်တွင်.. ဆွမ်းခံလို့လဲ ရသည်ပင် ကုသိုလ်တိုးလို့ ပြုံးပျော်ရွှင်...။
အမေရိကန်မှာ ရဟန်း ပရိက္ခရာ သပိတ်ဆိုတာလဲ အပိုပဲလျှင် တွေးမ၀င်နဲ့...
တက္ကဆက်ပြည် တောင်ပိုင်းဆီက ၊ အမာရီလိုမြို့ မှီခိုလို့နေမြန်မာတွေက
ပြည့်ဝသဒ္ဓါ စေတနာနှင့် ပိဏ္ဍပါတ်ဆွမ်း၊ လောင်းလှူဒါန်းပြီ..
ရဟန်းတို့လဲ ဆွမ်းခံပြီ ..သပိတ်တွေလဲ မပိုပြီ ။
အရှင်နန္ဒ၀ံသ
ဇေယျသုခ ဓမ္မရိပ်သာ
Amarillo,Tx ,U.S.A

Comments