Ashin NanDa wountha - Poem

ခေတ်သစ် ဒေဝဒတ်အရှင်နန္ဒဝံသ(အမာရီလို) 
နိုဝင်ဘာ ၃၀၊ ၂၀၁၂

 
မမြင်ကွယ်ရာကပေမယ့် ရွှေရင်လွှာ နာလှပါရဲ့    
ဒီမိုကရေစီလမ်းကို လှမ်းသူလို့ဆိုသူတွေရဲ့ 
ကြမ်းလိုက်တဲ့ အဖြစ် ....

မတရားတာ  တရားစေဖို့ အများအပေါ်မှာ ငဲ့ညှာပါလေကွဲ့လို့
ဦးပိုင် တရုတ်ကို ဆန္ဒဖေါ်ထုတ်တာ ဒီလိုအပြုတ် လုပ်ရက်စရာလား ...

ယိုသူမရှက်ပေမဲ့ မြင်သူမှာ ရှက်လှပါရဲ့
ဒင်းစနက် ရွံလို့မုန်း ကြည့်ကြစမ်းပါအုံး ...

သွေးရဲရဲနဲ့ မြတ်သံဃာ၊ ဆေးရုံမှာ အတုံးအရုံး …
ကိုယ်လုံးအထက် ဒဏ်ချက်တွေနဲ့ အသက်ကို စတေး၊ ပြည်သူကို အလုပ်ကျွေးပြုခဲ့..

မရှုရက်နိုင်လှပေဘု သူ့လက်ချက် သူ့စနက်တွေက
ဘီးလူးသဘက် ၀င်ပူးနေသည့်နှယ် ….

အာဏာရယ် လက်ကိုင်တုတ်လုပ် တရုတ်ကို နဖူးတိုက်
ဦးပိုင်ကို ဦးခိုက်လို့ စူးစိုက် ရူးမိုက်မိုက်စရိုက်နဲ့
မီးတိုက်လို့အကြမ်းဖက် လုပ်ရက်လိုက်လေခြင်း ...

အင်တာနက်သတင်းက မြင်ကွင်းကိုကြည့် မှင်တောင်သက်မိပါရဲ့…
ဒါလားဟဲ့ အစိုးရ ... သူခိုးက လူအော်သလို
မင်းသားခေါင်းဆောင်းထားတဲ့ဘီးလူး … မထူးဇာတ်ခင်းနေသလား ...

အစိုးရ ခေါ် မင်းတို့ရဲ့လုပ်ရပ် စစ်တပ်နဲ့ ပြည်သူ့ရဲ မိုက်မဲလိုက်ပေခြင်း …
အခြေနေချင်းမတူလို့ ပြည်သူမှာခံပြင်းကာ စိတ်နာလှပေမဲ့  မာန်တင်းလို့အံကြိတ်ဖြေ ..

သို့သော်လေ ကမ္ဘာမြေက              
မကြာချေ ဒဏ်ပြန်ခတ်ပါလိမ့် …                                
ထိုအခါ မင်းသံဃာကို မတပါနဲ့
မင်းတို့ဟာ ကွန်မြူနစ်အတွေးတွေနဲ့ သံဃာတော်တို့သွေး မြေခစေသူမို့
ဒီအဖြစ် ဒီစနစ်တွေကြည့်ရင် မင်းတို့ဟာလေ ..ခေတ်သစ်ရဲ့ ဒေဝဒတ် ...။

Comments

naynyolay said…
ဒင်းတို့သေရင် သရဏဂုံမတင် ပေးပါနဲ့ ဘုရား ...။