Burmese Scene from MoeMaKa Photo


မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (ပဲခူးက ငချဉ်)
နိုဝင်ဘာ ၁၈၊ ၂၀၁၂
ပဲခူးက ငါးချဉ်
အဲဒီဒေသ ငါးချဉ်ထုပ်တွေဟာ ဖက်ထုပ် ဖြစ်နေတတ်တယ်လို့ ခံရဖူးသူများက ပြောပါတယ်။ ဖွင့်ကြည့်လိုက်ရင် ဖက်အထပ်ထပ်နဲ့ ခပ်ထူထူ ထုပ်ထားတဲ့ ငါးချဉ် ပိစိကွေးပဲ ပါတတ်တယ်လို့ ဆိုကြတယ်။
အဲဒီပိစိကွေးမှာမှ ငါးပါဝင်နှုန်းက နည်းသေးတယ်လို့ ဆိုတယ်။
ပုံမှာမြင်ရတဲ့ ဈေးသည်ရဲ့ ဗန်းထဲမှာတော့ ထိုးထိုးထောင်ထောင် ပဲခူးမြို့တော်လက်ဆောင်လို့ လှလှလေး တံဆိပ်ကပ်ထားတဲ့ ငါးချဉ်ထုပ်တွေပါ။
လမ်းပေါ်မှာ သွားနေတဲ့ သုံးဘီးဆိုင်ကယ်လိုလို ကားလိုလို အငှားယာဉ်ကလည်း အဲဒီဒေသရဲ့ အမှတ်အသားတစ်ခု ဖြစ်နေပါတယ်။ သူကတော့ ငါးချဉ်ထုပ်လို မဟုတ်ပါဘူး။ ပေါက်ဈေးပေးရင် ခရီးသည် ကျေနပ်အောင် လိုရာအရောက် ပို့ပေးလေ့ရှိတဲ့ အငှားယာဉ် ဖြစ်ပါတယ်။

Comments